Uncategorized

မြောက်စလုံးကျေးရွာ ဘုရားစေတီပေါ်မှာ စစ်ကောင်စီနဲ့ PNO အင်အားအများအပြားနဲ့ တပ်စွဲ စစ်ကြောင်းထိုးနေ

မဲခေါင် 5 May - 2023
မဲခေါင်၊ မေ ၅ ရှမ်း-ကရင်နီ နယ်စပ်၊ ပင်လောင်းဒေသ၊ မြောက်စလုံးကျေးရွာက ဘုရားစေတီတွေပေါ်မှာ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ် အင်အား အများအပြား တပ်စွဲထားပြီး စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ မေလ ၅ ရက်မှာ ပြောပါတယ်။

မဲခေါင်၊ မေ ၅

ရှမ်း-ကရင်နီ နယ်စပ်၊ ပင်လောင်းဒေသ၊ မြောက်စလုံးကျေးရွာက ဘုရားစေတီတွေပေါ်မှာ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ် အင်အား အများအပြား တပ်စွဲထားပြီး စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ မေလ ၅ ရက်မှာ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီမှာ တပ်စွဲလေ့ရှိတယ် ဆိုတာ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုက သက်သေပဲလို့ ပါဝင်တိုက်ခိုက်နေတဲ့ ရဲ‌ဘော်တစ်ဦးက အတည်ပြု ပြောပါတယ်။

“ ဟုတ်တယ်ဗျ။ သူတို့က ဘုရားစေတီ နဲ့ ဘုန်းကြီးကျောင်းတွေ တပ်စွဲထားတာ။ အင်အားကတော့ များတယ်။ ခန့်မှန်း အင်အားတော့ မပြောတတ်ဘူး။ စစ်ကြောင်း တစ်ကြောင်းလောက် ဆိုတော့ အင်အား ၁၅၀ လောက်ရှိမယ် ထင်တယ်။ တိုက်ပွဲကလည်း ဖြစ်နေတော့ အတိအကျ မသိရဘူး” လို့ သူကပြောပါတယ်။

ပင်လောင်း-ဖယ်ခုံ တိုက်ပွဲတွေမှာ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ် အင်အား ထောင်ဂဏန်းသုံးပြီး စစ်ကြောင်း အများအပြားနဲ့ တိုက်ခိုက်နေတယ်လို့ PDF နဲ့ နီးစပ်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ အင်အား ထောင်ကျော်နဲ့ ဘက်ပေါင်းစုံက ထိုးနေတာ။ စစ်မျက်နှာ ပေါင်းစုံကပေါ့။ စစ်ကြောင်းကြီး တစ်ခုကနေ စစ်ကြောင်းငယ်တွေ ခွဲလိုက်တာ။ ပင်မ စစ်ကြောင်းကြီးတွေက အင်အား ၄၀၀ လောက်ရှိတယ်။ စစ်ကြောင်း တစ်ကြောင်းမှာ အင်အား ၁၅၀ ခန့် တွေ့ရတယ်။ သူတို့က စစ်ကြောင်းကို ခွဲလိုက်တာမျိုး၊ ခွဲပြီး တပ်စွဲတာ စစ်ကြောင်းထိုးတာ အထိုင်သဘောမျိုးပေါ့၊ လုပ်တဲ့အခါမှာ ၈၀ ဦးလောက်နဲ့ ထိတွေ့ တိုက်ပွဲဖြစ်တယ်။ ကျဆုံးရှိရင် ထပ်ပြီး အင်အားဖြည့်တယ်။ စစ်ကြောင်း ပြန်ထိုးတယ်၊ ဒီလိုမျိုး လုပ်နေတာ။ အခြေအနေ မဟုတ်ရင် နောက်ခဏ ဆုတ်တယ်၊ အင်အားဖြည့်ပြီးတာနဲ့ ပြန်ထိုးတာပေါ့” လို့ သူပြောပါတယ်။

လက်ရှိ စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ရှမ်း-ကရင်နီ နယ်စပ် တစ်လျှောက် အပါအဝင် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဧပြီလ အတွင်း တိုက်ပွဲ အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ KNDF က မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

MK-007

#MeKongNews

#မြောက်စလုံးကျေးရွာ

#စစ်ကြောင်းထိုး

#KNDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized ဆောင်းပါး

“ကျောင်းတွေဖွင့်ပြီ …” “စစ်အာဏာသိမ်းမှုအောက် မြေစာပင်ဖြစ်ရတဲ့ တိုင်းပြည်အနာဂတ်များ”

ဝေဟင်စိုး ဇွန်လ (၁) ရက်ရဲ့ နံနက်ခင်း နေရောင်ခြည်အောက်မှာ စစ်ကောင်စီက ဖွင့်လှစ်လိုက်တဲ့ ကျောင်းစာသင်ခန်းတွေ ပြန်လည်အသက်ဝင် လှုပ်ရှားလာခဲ့ပြန်ပါပြီ။
Uncategorized

မိုးဗြဲမြို့ပေါ် မှာ ဒီကနေ့ မနက်ပိုင်းကစပြီး ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ဆက်တိုက်
Uncategorized

သတင်းကူးယူ အသုံးပြုမှုများနှင့် ပတ်သက်၍ ကြေညာခြင်း

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းအမှောင်ချရန် ရည်ရွယ်ချက်ဖြင့် အာဏာသိမ်း စစ်တပ်နှင့် အပေါင်းအပါများက လွတ်လပ်သည့် သတင်းဌာနများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေသည်ကို ကြံ့ကြံ့ခံရပ်တည်ကာ သတင်းများ တင်ဆက်လျက်ရှိသည်။
Uncategorized

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Uncategorized

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Uncategorized

မိုချာဆိုင်ကလုန်းကြောင့် စိန့်မာရင်ကျွန်းနဲ့ ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်များစွာကို ဘေးလွတ်ရာ အလျင်အမြန် ရွှေ့ပြောင်းခိုင်း

မဲခေါင်၊ မေ ၁၃ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ကို တည့်တည့်ဝင်လာမယ့် အင်အားအလွန် ပြင်းအဆင့် မိုချာ ဆိုင်ကလုံး မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် အန္တရာယ်ဇုန်က ရိုဟင်ဂျာဒုက္ခသည်တွေကို မေ ၁၃ ရက် မှာ
Uncategorized

ယူကရိန်းသမ္မတ ဇီလန်စကီးလို သြဇာရှိတဲ့ခေါင်းဆောင်လိုနေတဲ့ မြန်မာ့တော်လှန်ရေး

ဘာသာပြန်ဆောင်းပါး ။ ။ ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်းမှာ ကလေးငယ်တွေအပါအဝင်အနည်းဆုံးလူ ၃၀ ကျော်ဒဏ်ရာရပြီး လူ ၂၀၀ ဝန်းကျင်သေဆုံးခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုနောက်ပိုင်း အာဏာသိမ်းစစ်တပ်ကကျူးလွန်ခဲ့တဲ့ နောက်ဆုံးအရိုင်းဆန်ဆန်လုပ်ရပ်ကို နိုင်ငံတကာအသိုက်အဝန်းက တာဝန်ရှိရှိရှုတ်ချခဲ့ပါတယ်။
Uncategorized

“မသောက်မိသောမိုးခါးရေ” တော်လှန်ရေးဇာတ်လမ်းတို YouTube ကနေ ကြည့်နိုင်ပြီ

မဲခေါင်၊ မေ ၅ နိုင်ငံပေါင်း ၂၀ မှာပြသခဲ့ပြီး ရန်ပုံငွေကျပ်သိန်း ၁၀,၀၀၀ ကျော်ထိ ရရှိခဲ့တဲ့ “မသောက်မိသောမိုးခါးရေ” တော်လှန်ရေးဇာတ်လမ်းတို ရုပ်ရှင်ကိုမေ ၆ ရက်မှာ YouTube ကနေ အခမဲ့ ကြည့်ရှုနိုင်တော့မယ်လို့ ဒါရိုက်တာ