Uncategorized

မုံရွာ တောပုပျူစခန်းကို ​PDF တွေ ပေါင်းတိုက်၊ ပျူစောထီး ၂ဦးသေဆုံး

မဲခေါင် 14 Feb - 2023
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာမှာရှိတဲ့ ပျူစောထီးစခန်းကို ဒေသခံ PDF တွေ သွားရောက်တိုက်ခိုက်ရာ ပျုစောထီး ၂ဦးသေဆုံးတယ်လို့ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People's Defence Force - South Monywa မှ  တာဝန်ခံ ဒေါင်းကာရန်က ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာမှာရှိတဲ့ ပျူစောထီးစခန်းကို ဒေသခံ PDF တွေ သွားရောက်တိုက်ခိုက်ရာ ပျုစောထီး ၂ဦးသေဆုံးတယ်လို့ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defence Force – South Monywa မှ  တာဝန်ခံ ဒေါင်းကာရန်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် ည ၇ နာရီ ဝန်းကျင်ခန့်က မုံရွာမြို့နယ်၊ တောပုကျေးရွာအတွင်းရှိ ပျူစောထီးတွေစုဝေးရာနေရာသို့ လက်လုပ် ၄၀ မမ တွေ၊ လက်လုပ်ရှော့ဂန်းတွေ အော်တိုဂန်းတွေနဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ PDF-South Monywa ရဲ့ တာဝန်ခံ ဒေါင်းကာရန်က ပြောပါတယ်။

၄၀ မမ ၅ လုံးဟာ ပျူစောထီးတွေ စုဝေးရာနေရာသို့ ကျရောက်ပေါက်ကွဲရာ ၂ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ပျူစောထီးတွေဘက်ကလည်း ၆၀မမ တွေ၊ ၉၀မမတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ စစ်ဆင်ရေးကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defence Force – South Monywa နဲ့ Monywa People’s Liberation Force-ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲ၊ Spring Dove၊ Forces our history(ငါတို့သမိုင်း)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းဒေသကြီးမှာ မုံရွာခရိုင်အပြင် ရွှေဘိုခရိုင်အတွင်းမှာလည်း ပျူစောထီးကျေးရွာတွေကို ဒေသခံကာကွယ်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အရေးပေါ် အခြေအနေအရ ပစ်ခတ်မှုတွေရှိနေတာကြောင့် မုံရွာ-မန္တလေးလမ်းမကြီးရဲ့မုံရွာ-မြင်းမူလမ်းပိုင်းကို ဒီနေ့ မနက် ၉နာရီခွဲမှစပြီး မနက်ဖြန် မနက် ၅နာရီအတွင်း လုံးဝ ဖြတ်သန်းသွားလာရေး မပြုကြဖို့လည်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defence Force – South Monywa က အသိပေးမေတ္တာရပ်ခံထားပါတယ်။

MK-003

#MeKongNews 

#မုံရွာ 

#ပျူစောထီး 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized

IELTS on Paper Exam အသံလုံနားကြပ် အသုံးပြုဖြေရမယ်

မဲခေါင်၊ မတ် ၂၃ မြန်မာနိုင်ငံမှ နိုင်ငံရပ်ခြား ပညာသင်သွားဖို့ ပြင်ဆင်ကြရာမှာ လူကြိုက်အများဆုံး စာမေးပွဲ တစ်ခု ဖြစ်တဲ့ IELTS
Uncategorized

တိုက်ပွဲကြားက ပင်လောင်း ဒေသခံ ၁၅ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေ အသက်စွန့် ကယ်ထုတ်

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်မဲသင်း၊ ပင်ပွံ၊ နမ်းနိန်းရွာတွေက ဒေသခံ ၁၅ ဦးကို
Uncategorized

ရွှေထည်တွေဝတ်တဲ့ တောထွက်ဘုန်းကြီးကို မြို့နယ်သံဃာ့နာယက ခံဝန်ထိုးခိုင်း

မဲခေါင်၊ မတ် ၂၀ နေပြည်တော၊် တပ်ကုန်းမြို့နယ်၊ ကျေးရွာတစ်ရွာမှာ မတ်လ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ရှင်ပြု၊ ရဟန်းခံ အခမ်းအနားမှာ ရွှေထည် လက်ဝတ်လက်စားတွေ ဝတ်ဆင်ပြီး စီးကရက် သောက်နေတဲ့ ဘုန်းကြီး ဓာတ်ပုံနဲ့
Uncategorized

ICC ဖမ်း၀ရမ်းအတိုင်း ပူတင်ကို တကယ် ဖမ်းဆီးနိုင်ပါ့မလား(ဘာသာပြန်)

၂၀၂၃ မတ် ၁၇ ရက်နေ့မှာပဲ နယ်သာလန်နိုင်ငံ The Hague မြို့အခြေစိုက် နိုင်ငံတကာရာဇဝတ်တရားရုံး International Criminal Court (ICC) က ရုရှားသမ္မတပူတင်ကို ယူကရိန်းက ကလေးငယ်ပေါင်း အနည်းဆုံး ၁၆၀၀၀ ကို
Uncategorized

WHO ဖွင့်လှစ်တဲ့သင်တန်းတွေ မြန်မာကျန်းမာရေးနယ်ပယ်က စိတ်ဝင်စားသူတွေ အခမဲ့တက်ရာက်နိုင်

မဲခေါင်၊ မတ် ၁၈ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ဖွင့်လှစ်တဲ့ သင်တန်းတွေကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်က စ်တ်ဝင်စားသူတွေ အခမဲ့ လျှောက်ထားနိုင်တယ်လို့ WHO ရဲ့
Uncategorized

ရွာငံမှာ လက်နက်အများအပြားနဲ့အတူ PDF ၃ ဦး ဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

မဲခေါင်၊ မတ် ၁၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ လက်နက် အများအပြားနဲ့ အတူ PDF ၃ ဦးကို ဖမ်းမိတယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်ပါတယ်။
Uncategorized

စွန့်ပစ် မိကျောင်းမွေးကန်မှာ အချင်းချင်းကိုက်သတ်စားကြလို့ မိချောင်းများစွာ သေဆုံး

မဲခေါင်၊ မတ် ၇ ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဆောင်ခလာခရိုင်က လူတွေစားဖို့ မွေးထားတဲ့ မိကျောင်းမွေးကန်ဟာ လွန်ခဲ့တဲ့ တစ်နှစ်က ပိုင်ရှင် သေဆုံးပြီးနောက် လူသူမသိ စွန့်ပစ်ထားတဲ့ အနေအထားကြောင့် မိချောင်းတွေ အချင်းချင်း ကိုက်သတ် စားသောက်ရတဲ့အဖြစ်
Uncategorized

ဘုရင့်နောင်ကားဝန်းအနီး ကုန်တင်ကား‌ရော ယာဥ်မောင်း၊ ယာဥ်နောက်လိုက်ပါအစုံလိုက်ပျောက်ဆုံးနေ

မဲခေါင်၊ မတ် ၅ ရန်ကုန်တိုင်း၊ ဘုရင့်နောင်ကားဝင်းအနီး ရပ်ထားတဲ့ ကုန်တင်ကားနဲ့ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်ကို ရှာဖွေဆက်သွယ်လို့မရတာကြောင့် အသက်အန္တရယ်စိုးရိမ်ရတဲ့အတွက် တွေ့ရှိသူတွေ အနေနဲ့ အကြောင်း ကြားပေးဖို့ ယာဥ်ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းထားပါတယ်။