Uncategorized

မိုချာဆိုင်ကလုန်းကြောင့် စိန့်မာရင်ကျွန်းနဲ့ ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်များစွာကို ဘေးလွတ်ရာ အလျင်အမြန် ရွှေ့ပြောင်းခိုင်း

မဲခေါင် 13 May - 2023
မဲခေါင်၊ မေ ၁၃ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ကို တည့်တည့်ဝင်လာမယ့် အင်အားအလွန် ပြင်းအဆင့် မိုချာ ဆိုင်ကလုံး မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် အန္တရာယ်ဇုန်က ရိုဟင်ဂျာဒုက္ခသည်တွေကို မေ ၁၃ ရက် မှာ တာဝန်ရှိသူတွေက ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းနေပါတယ်။

မဲခေါင်၊ မေ ၁၃

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ကို တည့်တည့်ဝင်လာမယ့် အင်အားအလွန် ပြင်းအဆင့် မိုချာ ဆိုင်ကလုံး မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် အန္တရာယ်ဇုန်က ရိုဟင်ဂျာဒုက္ခသည်တွေကို မေ ၁၃ ရက် မှာ တာဝန်ရှိသူတွေက ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းနေပါတယ်။

နှစ်ပေါင်း ၂၀ အတွင်း အပြင်းထန်ဆုံးမုန်တိုင်းအဖြစ် မိုချာဆိုင်ကလုံးမုန်တိုင်းဟာ မေ ၁၄ ရက်မှာ ကော့ဘဇားနဲ့ စစ်တွေကမ်းခြေကနေ ကုန်းတွင်းပိုင်းကို တစ်နာရီလေတိုက်နှုန်း ၁၀၉ မိုင်နှုန်းနဲ့ ဝင်ရောက်လာမယ်လို့ အိန္ဒိယမိုးလေဝသသတင်းဌာနက ခန့်မှန်းထားပြီး ရိုဟင်ဂျာဒုက္ခသည် ၁ သန်းရှိတဲ့ ကော့ဘဇားကို မေ ၁၄ ရက် မနက်ပိုင်းမှာ ဝင်နိုင်တယ်လို့ တွက်ဆထားပါတယ်။

ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာန အကြီးအကဲ အဇီဇာရာမန်က “မိုချာ ဆိုင်ကလုန်းဟာ ၂၀၀၇ ခုနှစ်က နိုင်ငံ တောင်ပိုင်းကမ်းခြေကို တိုက်ခတ်သွားပြီး လူပေါင်း ၃၀၀၀ ကျော်သေဆုံးခဲ့ရတဲ့ Sidr ဆိုင်ကလုံးပြီးရင် အပြင်းထန်ဆုံးဖြစ်လာမယ်။ ကမ်းရိုးတန်းဒေသတွေမှာ လှိုင်းအမြင့်က ၄ မီတာ (၁၃ ပေ ) အမြင့်အထိ ရှိနိုင် မှာကြောင့် နိုင်ငံတောင်ဘက်စွန်း စိန့်မာတင်ကျွန်းက ပြည်သူ ၈၀၀၀ ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနေရပါ တယ်။ လက်ရှိ မေ ၁၃ ရက်မနက်ပိုင်းအထိ လှေပေါင်း ၂၅၀ နဲ့ ကျွန်းသား ၁၀၀၀ ကျော်ကိုပဲ ရွှေ့ပြောင်းပေးရ သေးတယ်။ ဆက်လက် လုပ်ဆောင်နေပါတယ်”လို့ ပြောသွားပါတယ်။

ကော့ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းဟာ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံကို မပြန်ဘဲ အခိုင်အမာ အဆောက်အအုံနဲ့အခြေချနေထိုင်မှာကိုဆိုးလို့ ကွန်ကရစ်အဆောက်အအုံဆောက်ခွင့် ပိတ်ပင်ထားလို့ တာပေါ်လင်၊ ဝါးနဲ့ဆောက်တဲ့ နေရာတွေမှာသာ နေထိုင်ခွင့်ပြုထားပါတယ်။

ဒီ ဒုက္ခသည်စခန်းတွေဟာ နှစ်စဉ် ရေကြီး၊ မြေပြို တဲ့ဒဏ်တွေခံနေရလို့ အခု မုန်တိုင်းဝင်လာချိန် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အသက်အန္တရာယ်ဟာ အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာရှိကြောင်းလည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ ဒုတိယမဟာမင်းကြီး ရှမ်ဆဒ်ဒူဇာက AFP ကို ပြောကြားသွားပါတယ်။ အန္တရာယ်ဇုန်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်ထောင်ပေါင်းများစွာကို သူတို့ဒေသက ကွန်ကရစ်အဆောက်အအုံတွေဖြစ်တဲ့ စာသင်ကျောင်းတွေကို ပရဟိတအဖွဲ့တွေက ရွှေ့ပြောင်းပို့ဆောင်မှုတွေ လည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

MKF-001

#Mekongnews

#မိုခါမုန်တိုင်း

#ရိုဟင်ဂျာ

#ဘင်္ဂလား‌ဒေ့ရှ်

Ref: digitaljournal

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized

သတင်းကူးယူ အသုံးပြုမှုများနှင့် ပတ်သက်၍ ကြေညာခြင်း

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းအမှောင်ချရန် ရည်ရွယ်ချက်ဖြင့် အာဏာသိမ်း စစ်တပ်နှင့် အပေါင်းအပါများက လွတ်လပ်သည့် သတင်းဌာနများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေသည်ကို ကြံ့ကြံ့ခံရပ်တည်ကာ
Uncategorized

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ
Uncategorized

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Uncategorized

ယူကရိန်းသမ္မတ ဇီလန်စကီးလို သြဇာရှိတဲ့ခေါင်းဆောင်လိုနေတဲ့ မြန်မာ့တော်လှန်ရေး

ဘာသာပြန်ဆောင်းပါး ။ ။ ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်းမှာ ကလေးငယ်တွေအပါအဝင်အနည်းဆုံးလူ ၃၀ ကျော်ဒဏ်ရာရပြီး လူ ၂၀၀ ဝန်းကျင်သေဆုံးခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုနောက်ပိုင်း အာဏာသိမ်းစစ်တပ်ကကျူးလွန်ခဲ့တဲ့ နောက်ဆုံးအရိုင်းဆန်ဆန်လုပ်ရပ်ကို နိုင်ငံတကာအသိုက်အဝန်းက တာဝန်ရှိရှိရှုတ်ချခဲ့ပါတယ်။
Uncategorized

မြောက်စလုံးကျေးရွာ ဘုရားစေတီပေါ်မှာ စစ်ကောင်စီနဲ့ PNO အင်အားအများအပြားနဲ့ တပ်စွဲ စစ်ကြောင်းထိုးနေ

မဲခေါင်၊ မေ ၅ ရှမ်း-ကရင်နီ နယ်စပ်၊ ပင်လောင်းဒေသ၊ မြောက်စလုံးကျေးရွာက ဘုရားစေတီတွေပေါ်မှာ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ် အင်အား အများအပြား တပ်စွဲထားပြီး စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့
Uncategorized

“မသောက်မိသောမိုးခါးရေ” တော်လှန်ရေးဇာတ်လမ်းတို YouTube ကနေ ကြည့်နိုင်ပြီ

မဲခေါင်၊ မေ ၅ နိုင်ငံပေါင်း ၂၀ မှာပြသခဲ့ပြီး ရန်ပုံငွေကျပ်သိန်း ၁၀,၀၀၀ ကျော်ထိ ရရှိခဲ့တဲ့ “မသောက်မိသောမိုးခါးရေ” တော်လှန်ရေးဇာတ်လမ်းတို ရုပ်ရှင်ကိုမေ ၆ ရက်မှာ YouTube ကနေ အခမဲ့ ကြည့်ရှုနိုင်တော့မယ်လို့ ဒါရိုက်တာ
Uncategorized

ညောင်လေးပင်မှာ စစ်တပ်က ပြည်သူတစ်ဦးကို ပစ်သတ်ပြီး ၂ ဦးကို ဖမ်းဆီးနှိပ်စက်

မဲခေါင်၊ မေ ၅ ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ-ညောင်လေးပင် ခရိုင်ထဲမှာ စစ်ကောင်စီတပ်က ပြည်သူ တစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်ပြီး ၂ ဦးကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ KNU က ဒီနေ့
Uncategorized မြန်မာ့နွေဦး

ထိုင်းရဲကဖမ်းပြီး ကရင် BGF ကို ပြန်လွှဲလို့ Lion Battalion ဒုစစ်ကြောင်းမှူး ကျဆုံး

မဲခေါင်၊ ဧပြီ ၅ ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့မှာ လာရောက်ဆေးကုသနေတဲ့ Lion Battalion ဒုစစ်ကြောင်းမှူး ကိုသီဟ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးဟာ ထိုင်းအာဏာပိုင်တွေဖမ်းဆီးတာခံခဲ့ရပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ် - BGF ကနေတဆင့် မြဝတီဘက်ကို