Uncategorized

“မသောက်မိသောမိုးခါးရေ” တော်လှန်ရေးဇာတ်လမ်းတို YouTube ကနေ ကြည့်နိုင်ပြီ

မဲခေါင် 5 May - 2023
မဲခေါင်၊ မေ ၅ နိုင်ငံပေါင်း ၂၀ မှာပြသခဲ့ပြီး ရန်ပုံငွေကျပ်သိန်း ၁၀,၀၀၀ ကျော်ထိ ရရှိခဲ့တဲ့ “မသောက်မိသောမိုးခါးရေ” တော်လှန်ရေးဇာတ်လမ်းတို ရုပ်ရှင်ကိုမေ ၆ ရက်မှာ YouTube ကနေ အခမဲ့ ကြည့်ရှုနိုင်တော့မယ်လို့ ဒါရိုက်တာ ကိုပေါက်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးထားပါတယ်။

မဲခေါင်၊ မေ ၅

နိုင်ငံပေါင်း ၂၀ မှာပြသခဲ့ပြီး ရန်ပုံငွေကျပ်သိန်း ၁၀,၀၀၀ ကျော်ထိ ရရှိခဲ့တဲ့ “မသောက်မိသောမိုးခါးရေ” တော်လှန်ရေးဇာတ်လမ်းတို ရုပ်ရှင်ကိုမေ ၆ ရက်မှာ YouTube ကနေ အခမဲ့ ကြည့်ရှုနိုင်တော့မယ်လို့ ဒါရိုက်တာ ကိုပေါက်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးထားပါတယ်။

ဒါရိုက်တာကိုပေါက် ရိုက်ကူးပုံဖော်ထားတဲ့ “မသောက်မိသောမိုးခါးရေ” တော်လှန်ရေးရုပ်ရှင်ဟာ နိုင်ငံအသီးသီးမှာ ၇ လ ကြာသည့်အထိ ပြသနေပြီး လက်ရှိအချိန်ထိလည်း ပြသဆဲရုပ်ရှင်ဖြစ်ပါတယ်။

“မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ကို အိုင်ဖုန်းတလုံးတည်းနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးရဲဘော်တွေကိုယ်တိုင် သရုပ်ဆောင်ထားတာပါ။

“မသောက်မိသောမိုးခါးရေ” ဇာတ်လမ်းတိုရုပ်ရှင်ကို မေ ၆ ရက် ညနေ ၅ နာရီကစပြီး အားလုံးကြည့်ဖို့ YouTube မှာ တင်ပေးမယ်လို့ ဒါရိုက်တာ ကိုပေါက်ကရေးသားထားပါသေးတယ်။

ဒါရိုက်တာ ကိုပေါက်ဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့အချိန်ကစပြီး ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် စစ်ကောင်စီက ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူလည်း ဖြစ်ပါတယ်။

MK- 006
#မသောက်မိသောမိုးခါးရေ
#YouTubeမှာကြည့်နိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized

သတင်းကူးယူ အသုံးပြုမှုများနှင့် ပတ်သက်၍ ကြေညာခြင်း

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းအမှောင်ချရန် ရည်ရွယ်ချက်ဖြင့် အာဏာသိမ်း စစ်တပ်နှင့် အပေါင်းအပါများက လွတ်လပ်သည့် သတင်းဌာနများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေသည်ကို ကြံ့ကြံ့ခံရပ်တည်ကာ
Uncategorized

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ
Uncategorized

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Uncategorized

မိုချာဆိုင်ကလုန်းကြောင့် စိန့်မာရင်ကျွန်းနဲ့ ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်များစွာကို ဘေးလွတ်ရာ အလျင်အမြန် ရွှေ့ပြောင်းခိုင်း

မဲခေါင်၊ မေ ၁၃ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ကို တည့်တည့်ဝင်လာမယ့် အင်အားအလွန် ပြင်းအဆင့် မိုချာ ဆိုင်ကလုံး မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် အန္တရာယ်ဇုန်က ရိုဟင်ဂျာဒုက္ခသည်တွေကို မေ ၁၃ ရက် မှာ
Uncategorized

ယူကရိန်းသမ္မတ ဇီလန်စကီးလို သြဇာရှိတဲ့ခေါင်းဆောင်လိုနေတဲ့ မြန်မာ့တော်လှန်ရေး

ဘာသာပြန်ဆောင်းပါး ။ ။ ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်းမှာ ကလေးငယ်တွေအပါအဝင်အနည်းဆုံးလူ ၃၀ ကျော်ဒဏ်ရာရပြီး လူ ၂၀၀ ဝန်းကျင်သေဆုံးခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုနောက်ပိုင်း အာဏာသိမ်းစစ်တပ်ကကျူးလွန်ခဲ့တဲ့ နောက်ဆုံးအရိုင်းဆန်ဆန်လုပ်ရပ်ကို နိုင်ငံတကာအသိုက်အဝန်းက တာဝန်ရှိရှိရှုတ်ချခဲ့ပါတယ်။
Uncategorized

မြောက်စလုံးကျေးရွာ ဘုရားစေတီပေါ်မှာ စစ်ကောင်စီနဲ့ PNO အင်အားအများအပြားနဲ့ တပ်စွဲ စစ်ကြောင်းထိုးနေ

မဲခေါင်၊ မေ ၅ ရှမ်း-ကရင်နီ နယ်စပ်၊ ပင်လောင်းဒေသ၊ မြောက်စလုံးကျေးရွာက ဘုရားစေတီတွေပေါ်မှာ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ် အင်အား အများအပြား တပ်စွဲထားပြီး စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့
Uncategorized

ညောင်လေးပင်မှာ စစ်တပ်က ပြည်သူတစ်ဦးကို ပစ်သတ်ပြီး ၂ ဦးကို ဖမ်းဆီးနှိပ်စက်

မဲခေါင်၊ မေ ၅ ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ-ညောင်လေးပင် ခရိုင်ထဲမှာ စစ်ကောင်စီတပ်က ပြည်သူ တစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်ပြီး ၂ ဦးကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ KNU က ဒီနေ့
Uncategorized မြန်မာ့နွေဦး

ထိုင်းရဲကဖမ်းပြီး ကရင် BGF ကို ပြန်လွှဲလို့ Lion Battalion ဒုစစ်ကြောင်းမှူး ကျဆုံး

မဲခေါင်၊ ဧပြီ ၅ ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့မှာ လာရောက်ဆေးကုသနေတဲ့ Lion Battalion ဒုစစ်ကြောင်းမှူး ကိုသီဟ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးဟာ ထိုင်းအာဏာပိုင်တွေဖမ်းဆီးတာခံခဲ့ရပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ် - BGF ကနေတဆင့် မြဝတီဘက်ကို