Others

ထိုင်းရဲကဖမ်းပြီး ကရင် BGF ကို ပြန်လွှဲလို့ Lion Battalion ဒုစစ်ကြောင်းမှူး ကျဆုံး

မဲခေါင် 5 Apr - 2023
မဲခေါင်၊ ဧပြီ ၅ ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့မှာ လာရောက်ဆေးကုသနေတဲ့ Lion Battalion ဒုစစ်ကြောင်းမှူး ကိုသီဟ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးဟာ ထိုင်းအာဏာပိုင်တွေဖမ်းဆီးတာခံခဲ့ရပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ် - BGF ကနေတဆင့် မြဝတီဘက်ကို ပြန်လွှဲစဉ်မှာ ဒုစစ်ကြောင်းမှူးကိုသီဟ ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

မဲခေါင်၊ ဧပြီ ၅

ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့မှာ လာရောက်ဆေးကုသနေတဲ့ Lion Battalion ဒုစစ်ကြောင်းမှူး ကိုသီဟ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးဟာ ထိုင်းအာဏာပိုင်တွေဖမ်းဆီးတာခံခဲ့ရပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ် – BGF ကနေတဆင့် မြဝတီဘက်ကို ပြန်လွှဲစဉ်မှာ ဒုစစ်ကြောင်းမှူးကိုသီဟ ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ဒီနေ့ ဧပြီလ ၅ ရက် ညပိုင်းရတဲ့ နောက်ဆုံးသတင်းတွေအရ ဒုစစ်ကြောင်းမှူး ကိုသီဟ ကျဆုံးသွားပြီး စောဖြိုးလေးက ဒဏ်ရာအပြင်းအထန်ရထားသလို ထက်နေဝင်းကို မော်လမြိုင်စစ်ကြောရေးကို ခေါ်သွားတယ်လို့ သူတို့နဲ့နီးစပ်တဲ့ တောင်ပိုင်းတိုင်းစစ်ဒေသအခြေပြု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“နောက်ဆုံးသတင်းအရ ဒုစစ်ကြောင်းမှူး ကိုသီဟကတော့ ကျောကုန်းကိုထိမှန်ပြီး ရင်ဘတ်ပွင့်ထွက်သွားပြီး ကျဆုံးတယ်ပေါ့နော်။ သေချာသလောက်ရှိတယ် မြေပြင်သတင်းအရတော့။ ကျန်တဲ့နှစ်ယောက်မှာ စောဖြိုးလေးက ဒဏ်ရာအပြင်းအထန်ရထားတယ်လို့သိရတယ်။ ထက်နေဝင်းကတော့ မော်လမြိုင် ရတခကို ဖမ်းဆီးခေါ်ဆောင်သွားပြီလို့ အခြေအနေကိုသိရတယ်” လို့ သူက ပြောပြပါတယ်။

Lion Battalion ဒုစစ်ကြောင်းမှူး ကိုသီဟ (၃၈ နှစ်)၊ ပြန်ကြားရေးတာဝန်ခံ ထက်နေဝင်း (၃၁ နှစ်) နဲ့ တပ်ဖွဲ့ဝင် စောဖြိုးလေး (၂၆ နှစ်) ၃ဦးဟာ ဧပြီ ၁ ရက်နေ့မှာ ဆေးခန်းသွားရင်း လမ်းမှားသွားတာကြောင့် ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဧပြီလ ၄ရက်မှာ သူတို့ကို ကရင် BGF ထံ ပြန်လွှဲပေးလိုက်တာဖြစ်ပါတယ်။

“လမ်းမှားပြီး ဘန်ကောက်တက်တဲ့လမ်းဘက်ရောက်သွားတာ။ အဲဒီမှာ တောမောင်း(လဝက)နဲ့တွေ့ပြီးဖမ်းသွားတယ်။ ကျွန်တော်တို့လိုက်ထုတ်တယ်။ မရတော့ ထိုင်းစစ်တပ်နဲ့ KNU က တာဝန်ရှိသူတွေက ညှိတယ်ပေါ့။ ညှိပြီးတော့ ၃ ရက်နေ့ ညနေမှာ သွားထုတ်တယ်။ ထုတ်တဲ့အချိန်မှာ ညနေပိုင်းဖြစ်နေတော့ မနက်မှာလာဖို့ပြောတယ်။ ဒါနဲ့ ၄ ရက်နေ့ မနက် ၁၁ နာရီလောက်ပြန်သွားတော့ သူတို့က လွှတ်လိုက်ပြီလို့ပြောတယ်” လို့ သူတို့အတွက်လိုက်ပါဆောင်ရွက်နေသူတစ်ဦးက မဲခေါင်သတင်းကိုပြောပြပါတယ်။

ထိုင်း လ.ဝ.က တွေ ပြန်လွှတ်ပေးခဲ့တာက အင်ကြင်းမြိုင် BGF ဂိတ်ကိုဖြစ်ပြီး ဒီနေ့မနက်ပိုင်း ဂိတ်အနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ လှေပေါ်လာသူ ၃ ဦးကို ပစ်ဖမ်းဖမ်းခဲ့ရာ ၃ဦးလုံး ဒဏ်ရာရရှိခဲ့တယ်လို့ ဂိတ်နဲ့နီးစပ်သူတွေပြောပြချက်အရ သိရပါတယ်။

အဲဒီနောက်မှာ သူတို့ ၃ဦးကို BGF တပ်ဖွဲ့ဝင်တွေက ဗိုလ်မှူး နိုင်မောင်မောင်ဇော်ထံကို အဝတ်မည်းအုပ်ပြီးပို့ဆောင်ခဲ့ကာ အဲ့ဒီကတဆင့် စစ်ကောင်စီဘက်ကို ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကလည်း တာချီလိတ်ကြံ့ခိုင်ရေးရုံးကို ဗုံးခွဲမှုနဲ့ အလိုရှိသူတွေထဲက လင်မယား ၂ ဦးကို ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်မှာ ထိုင်းဘက်က ဖမ်းပြီး စစ်ကောင်စီကို ပြန်လွှဲခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကလည်း ထိုင်းရဲတပ်ဖွဲ့ဝင်၊ ထိုင်းစစ်တပ်နဲ့ လူဝင်မှုကြီးကြပ်ရေးတို့က မဲဆောက်မြို့မှာရှိတဲ့ မြန်မာတွေနေထိုင်ရာ တိုက်တန်းလျားနှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး နေထိုင်သူတွေထဲမှာ CDM တွေ၊ တက်ကြွလှုပ်ရှားသူတွေ ပါ၊ မပါမေးမြန်းတာတွေလုပ်ခဲ့ကာ လူငယ်နှစ်ဦးကိုဖမ်းဆီးသွားခဲ့ပြီး ရက်ပိုင်းအကြာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ စစ်ဆေးခံရတဲ့ တိုက်တန်းလျားမှာ နေထိုင်သူတွေထံက သိရပါတယ်။

MK – 009

#MeKongNews

#LionBattalion

#မဲဆောက်

#BGF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုန်းမြို့တိုက်ပွဲပြန် တော်လှန်ရေးအင်အားစုတွေကို ပြည်သူတွေကြိုဆို

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသအခြေစိုက်စစ်တပ်စခန်းတွေကိုတိုက်ခိုက်အောင်မြင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေကို ဒေသခံတွေက ပန်းကုံးစွပ်ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့သိရပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းမှ တပ်ကြပ်ကြီးစာရေး ၁ ဦး ကရင်မှာ အလင်းဝင်

မြိတ်မြို့အခြေစိုက် အမှတ် (၉၁၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်ကြီးစာရေး ၁ ဦးဟာ ကရင်ပြည်နယ်အတွင်းက ကျားသစ်နက်စစ်ကြောင်းထံကို ဒီဇင်ဘာ ၇ ရက်နေ့မှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ခမရ-၅၉၀ စခန်းသိမ်းပွဲ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်မိသားစုဝင် မိခင်သေဆုံးပြီး လသားအရွယ်ကလေးငယ်ကို PDF ကယ်တင်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ စစ်ကောင်စီ ခမရ ၅၉၀ တပ်ကို KNLA နဲ့ PDF ပူးပေါင်းသိမ်းပိုက်မှုမှာ စစ်တပ်ကလေကြာင်းက ပစ်ခဲ့တာကြောင့် တပ်မိသားစုဝင် မိခင်တစ်ဦးသေဆုံးပြီး လသားအရွယ် ကလေးငယ်ကို PDF တွေက ကယ်တင်ခဲ့ရတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုန်းမြို့ပေါ်ကို စစ်ကောင်စီဗုံးကြဲလို့ ပြည်သူ ၆ သောင်းကျော် စစ်ရှောင်နေရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်ရှိ စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေရပ်ကွက်တွေကို လေကြောင်းက ဗုံးကြဲနေတာကြောင့် စစ်ဘေးရှောင်တဲ့ပြည်သူ သောင်းနဲ့ချီပြီး ရှိနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုန်းမြို့တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာဆေးကုသပေး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်က စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်မှုအတွင်း ဖမ်းမိတဲ့သုံ့ပန်းနဲ့ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဆေးကုသပေးထားပြီး ကောင်းမွန်စွာထားရှိတယ်လို့ NUG စစ်ဒေသ အမှတ် (၂) တော်ဝင်ဒေါင်းစစ်ကြောင်းက ထုတ်ပြန်အသိပေးပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီကို စက်သုံးဆီဖြတ်တောက်ဖို့ ရှမ်းတောင်က ဆီဆိုင်တွေကို စစ်ကောင်စီ ဖိအားပေး

စစ်ရေးပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ဘက်ကို စက်သုံးဆီ ဖြတ်တောက်ဖို့ စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဓာတ်ဆီဆိုင်တွေကို ဆီအလုံအလောက်မချပေးတဲ့အပြင် ဂါလံပုံး၊ ပေပါလိုက်ရောင်းချတာတွေကိုပါ တားမြစ်ထားထားတယ်လို့ ဆီလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိမ်းပိုက်ထားတဲ့ ကောလင်းမြို့မှာ ဝန်ထမ်း ၉၈ ယောက် အလင်းဝင်တယ်လို့ NUG ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း ၉၈ ယောက် အလင်းဝင်တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ တိုက်ပွဲဝင်ဖို့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ သစ္စာရေသောက်

မွန်ပြည်နယ်အတွင်းမှာ အခြေစိုက်ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးမဟာမိတ်အင်အားစု ၇ ဖွဲ့ဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့အထိ တိုက်ပွဲဝင်ဖို့အပါအဝင် အချက် ၄ ချက်ကို တိုင်တည်ပြီး သစ္စာရေသောက် အဓိဌာန်ပြုခဲ့ကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now