Uncategorized

တောင်ကြီးမှာ သွေးနှော ပတ်စပို့ ကျပ် ၆ သိန်းဈေးပေါက်

မဲခေါင် 4 Mar - 2023
မဲခေါင်၊ မတ် ၄ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ရာ နေ့စဉ် လူဦးရေ ကန့်သတ် လုပ်ပေးနေတဲ့ အတွက် ကိုယ်တိုင် လုပ်ဖို့ မလွယ်ကူဘဲ ပွဲစားထံ အပ်နှံမှသာ အဆင်ပြေတယ်လို့ ပတ်စပို့ သွားလုပ်ခဲ့သူတွေက ပြောပါတယ်။

မဲခေါင်၊ မတ် ၄

ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ရာ နေ့စဉ် လူဦးရေ ကန့်သတ် လုပ်ပေးနေတဲ့ အတွက် ကိုယ်တိုင် လုပ်ဖို့ မလွယ်ကူဘဲ ပွဲစားထံ အပ်နှံမှသာ အဆင်ပြေတယ်လို့ ပတ်စပို့ သွားလုပ်ခဲ့သူတွေက ပြောပါတယ်။

လက်ရှိ တောင်ကြီး ပတ်စပို့ရုံးမှာ တစ်ရက် လူဦးရေ ၁၀၀ သာ ကန့်သတ် လုပ်ပေးနေတဲ့ အတွက် ပွဲစားတွေထံသာ အပ်နှံနေရပြီး တိုင်းရင်းသားတွေ အနေနဲ့ ပွဲစားခ ကျပ် ၃ သိန်းပေးရကာ သွေးနှော မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ အနေနဲ့ ကျပ် ၆ သိန်းအထိ ပေးရတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ တစ်ဦးက ပြောပါတယ်။

“ရုံးနောက်လမ်းထဲမှာလည်း လူတွေ ပြည့်နေတယ်။ ကိုယ်တိုင် လုပ်ဖို့ တိုးဖို့က မလွယ်ဘူး။ နေ့တိုင်း သွားတိုးနေတာထက် အများစုက ပွဲစားပဲ အပ်လိုက်ကြတယ်။ ပွဲစားက ရုံးက ရဲတွေနဲ့ ပေါင်းရိုက်တာဆိုတော့ စာရွက်စာတမ်းပေး၊ ဓာတ်ပုံရိုက်ပြီးရင် ထားခဲ့ရုံပဲ။ တိုင်းရင်းသား မှတ်ပုံတင်က ၃ သိန်းပေးရတယ်။ ကျနော်က သွေးနှောတော့ ၆ သိန်း ပေးရတယ်” လို့ သူကပြောပါတယ်။

တောင်ကြီးရုံးမှာ ရှမ်းပြည်နယ်မှာ နေထိုင်တဲ့ အိမ်ထောင်စုစာရင်း ရှိသူတွေ ပတ်စပို့ ပြုလုပ်နိုင်ပြီး အရင်က ကိုယ်တိုင်လုပ်ပါက ကျပ် ၅၀,၀၀၀ ခန့်သာ ကျသင့်ပြီး ပွဲစားအပ်ပါက ကျပ် ၂ သိန်းသာ ပေါက်ဈေးရှိခဲ့ရာက အခု ပတ်စပို့ရုံး ပြန်ဖွင့်ပြီးနောက် ပွဲစားခတွေ ဈေးတက်လာတာလို့ ဆိုပါတယ်။

လက်ရှိ ပတ်စပို့ ကိုယ်တိုင်လုပ်ဖို့ ရက်ချိန်းယူပါက ၆ လပိုင်းအကုန်မှသာ ရက်ချိန်း ရတော့မှာ ဖြစ်ပြီး ပွဲစားထံ အပ်နှံပါက အများဆုံး အချိန် ၂ ပတ်အတွင်း စာအုပ်ရတဲ့ အတွက် ငွေကြေးတတ်နိုင်သူ အများစု ပွဲစားကိုသာ အပ်နှံကြကာ အရင် ရုံးမပိတ်ခင်က QR ကုတ် ရက်ချိန်းရခဲ့သူတွေကိုတော့ ရက်ချိန်း အစားထိုး လုပ်ပေးနေတယ်လို့ သိရပါတယ်။

နိုင်ငံတဝှမ်း ပတ်စပို့ရုံးတွေကို စနစ် အဆင့်မြှင့်တင်ဖို့လို့ အကြောင်းပြပြီး စစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်က ပိတ်သိမ်းခဲ့ရာ အခု ပြန်ဖွင့်ပေးချိန် လူအများအပြား လာလျှောက်နေတဲ့ အတွက် အခုလို ပွဲစားခတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်မှာ စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်း ကျဆင်းခဲ့ပြီး ဒေသခံ အများစု စားဝတ်နေရေး ကျပ်တည်းလာတဲ့ အတွက် လူငယ် အများစု အလုပ်လုပ်ဖို့ ပြည်ပကို ထွက်ခွာနေရာ ပတ်စပို့ လျှောက်ထားသူ အဆမတန် များပြားလာတာ ဖြစ်တယ်လို့ တောင်ကြီး ဒေသခံတွေက သုံးသပ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized

IELTS on Paper Exam အသံလုံနားကြပ် အသုံးပြုဖြေရမယ်

မဲခေါင်၊ မတ် ၂၃ မြန်မာနိုင်ငံမှ နိုင်ငံရပ်ခြား ပညာသင်သွားဖို့ ပြင်ဆင်ကြရာမှာ လူကြိုက်အများဆုံး စာမေးပွဲ တစ်ခု ဖြစ်တဲ့ IELTS
Uncategorized

တိုက်ပွဲကြားက ပင်လောင်း ဒေသခံ ၁၅ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေ အသက်စွန့် ကယ်ထုတ်

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်မဲသင်း၊ ပင်ပွံ၊ နမ်းနိန်းရွာတွေက ဒေသခံ ၁၅ ဦးကို
Uncategorized

ရွှေထည်တွေဝတ်တဲ့ တောထွက်ဘုန်းကြီးကို မြို့နယ်သံဃာ့နာယက ခံဝန်ထိုးခိုင်း

မဲခေါင်၊ မတ် ၂၀ နေပြည်တော၊် တပ်ကုန်းမြို့နယ်၊ ကျေးရွာတစ်ရွာမှာ မတ်လ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ရှင်ပြု၊ ရဟန်းခံ အခမ်းအနားမှာ ရွှေထည် လက်ဝတ်လက်စားတွေ ဝတ်ဆင်ပြီး စီးကရက် သောက်နေတဲ့ ဘုန်းကြီး ဓာတ်ပုံနဲ့
Uncategorized

ICC ဖမ်း၀ရမ်းအတိုင်း ပူတင်ကို တကယ် ဖမ်းဆီးနိုင်ပါ့မလား(ဘာသာပြန်)

၂၀၂၃ မတ် ၁၇ ရက်နေ့မှာပဲ နယ်သာလန်နိုင်ငံ The Hague မြို့အခြေစိုက် နိုင်ငံတကာရာဇဝတ်တရားရုံး International Criminal Court (ICC) က ရုရှားသမ္မတပူတင်ကို ယူကရိန်းက ကလေးငယ်ပေါင်း အနည်းဆုံး ၁၆၀၀၀ ကို
Uncategorized

WHO ဖွင့်လှစ်တဲ့သင်တန်းတွေ မြန်မာကျန်းမာရေးနယ်ပယ်က စိတ်ဝင်စားသူတွေ အခမဲ့တက်ရာက်နိုင်

မဲခေါင်၊ မတ် ၁၈ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ဖွင့်လှစ်တဲ့ သင်တန်းတွေကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်က စ်တ်ဝင်စားသူတွေ အခမဲ့ လျှောက်ထားနိုင်တယ်လို့ WHO ရဲ့
Uncategorized

ရွာငံမှာ လက်နက်အများအပြားနဲ့အတူ PDF ၃ ဦး ဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

မဲခေါင်၊ မတ် ၁၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ လက်နက် အများအပြားနဲ့ အတူ PDF ၃ ဦးကို ဖမ်းမိတယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်ပါတယ်။
Uncategorized

စွန့်ပစ် မိကျောင်းမွေးကန်မှာ အချင်းချင်းကိုက်သတ်စားကြလို့ မိချောင်းများစွာ သေဆုံး

မဲခေါင်၊ မတ် ၇ ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဆောင်ခလာခရိုင်က လူတွေစားဖို့ မွေးထားတဲ့ မိကျောင်းမွေးကန်ဟာ လွန်ခဲ့တဲ့ တစ်နှစ်က ပိုင်ရှင် သေဆုံးပြီးနောက် လူသူမသိ စွန့်ပစ်ထားတဲ့ အနေအထားကြောင့် မိချောင်းတွေ အချင်းချင်း ကိုက်သတ် စားသောက်ရတဲ့အဖြစ်
Uncategorized

ဘုရင့်နောင်ကားဝန်းအနီး ကုန်တင်ကား‌ရော ယာဥ်မောင်း၊ ယာဥ်နောက်လိုက်ပါအစုံလိုက်ပျောက်ဆုံးနေ

မဲခေါင်၊ မတ် ၅ ရန်ကုန်တိုင်း၊ ဘုရင့်နောင်ကားဝင်းအနီး ရပ်ထားတဲ့ ကုန်တင်ကားနဲ့ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်ကို ရှာဖွေဆက်သွယ်လို့မရတာကြောင့် အသက်အန္တရယ်စိုးရိမ်ရတဲ့အတွက် တွေ့ရှိသူတွေ အနေနဲ့ အကြောင်း ကြားပေးဖို့ ယာဥ်ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းထားပါတယ်။