Uncategorized

တိုက်ပွဲကြားက ပင်လောင်း ဒေသခံ ၁၅ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေ အသက်စွန့် ကယ်ထုတ်

မဲခေါင် 23 Mar - 2023
မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်မဲသင်း၊ ပင်ပွံ၊ နမ်းနိန်းရွာတွေက ဒေသခံ ၁၅ ဦးကို တိုက်ပွဲကြားကနေ ပြည်သူ့ကာကွယ်ရေးတပ်တွေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ မတ် ၂၂

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်မဲသင်း၊ ပင်ပွံ၊ နမ်းနိန်းရွာတွေက ဒေသခံ ၁၅ ဦးကို တိုက်ပွဲကြားကနေ ပြည်သူ့ကာကွယ်ရေးတပ်တွေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်၊ မနက် ၈ နာရီခန့်က တောင်စလုံးရွာ ဘုန်းကြီးကျောင်းနဲ့ ရွာထိပ် စေတီမှာ စစ်ကောင်စီတပ် ရောက်ရှိနေတယ်လို့ သိရလို့ ကျေးရွာ အတွင်း ကျန်ခဲ့တဲ့ ဒေသခံတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေ ကယ်ဆယ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် အလောတကြီး ထွက်လာရလို့ ရိက္ခာပြန်ယူတဲ့ ဒေသခံ ပအိုဝ်း တိုင်းရင်းသား တစ်ဦးနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွေ့ဆုံရာက ကျေးရွာ အတွင်း မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ မကျန်းမာသူတွေနဲ့ စိတ်ကျန်းမာရေး ချို့တဲ့သူတွေ ကျန်ခဲ့တယ် ဆိုတာ သိရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ရွာထဲက မပြေးနိုင်သူတွေကို ပူးပေါင်းတပ်ဖွဲ့တွေ ကယ်ဆယ်ခဲ့ရာ ဒေသခံ ပြည်သူ ၁၅ ဦးအထိ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ နေရာက မီတာ ၁၀၀ မှ ၅၀၀ အတွင်းသာ ရှိတာကြောင့် ခက်ခက်ခဲခဲ အသက်စွန့် ကယ်ခဲ့ရတယ်လို့ NUG က ဆိုပါတယ်။

ကယ်ဆယ်ပြီးနောက် စိတ်မကျန်းမာသူ၊ သက်ကြီးရွယ်အို၊ နာမကျန်းသူတွေကို ဆေးတပ်ဖွဲ့က ကျန်းမာရေး စောင့်ရှောက် ပေးခဲ့သလို စားနပ်ရိက္ခာ အနည်းအကျဉ်း ဝေမျှပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ကယ်ဆယ်ခဲ့တဲ့ ရွာသူ ရွာသားတွေ လုံခြုံဘေးကင်း ကျန်းမာလျက်ရှိပြီး တိုက်ပွဲအတွင်း ကွဲကွာခဲ့ရတဲ့ မိသားစုတွေနဲ့ ပြန်လည် ဆုံစည်းနိုင်ရေး ချိတ်ဆက် ပေးခဲ့တယ်လို့ ပြောပါတယ်။

အဆိုပါ ပြည်သူ ၁၅ ဦးကို PNDF က တစ်ဦး ငွေကျပ် ၂၀,၀၀၀ ပေးအပ်ခဲ့ပြီး သယ်ယူ ပို့ဆောင်ပေးတဲ့ လူမှုကူညီရေးအသင်း အတွက် ခရီးစရိတ် ၃၀,၀၀၀ ကျပ် ထောက်ပံ့ ကူညီခဲ့တယ်လို့ NUG က ဆိုပါတယ်။

အဆိုပါ တိုက်ပွဲ အတွင်း ကူညီကယ်ဆယ်မှုတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ဖြစ်တဲ့ ပအိုဝ်း အမျိုးသား ကာကွယ်‌ရေးတပ်ဖွဲ့-PNDF၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-NPT PDF၊ (၁၀၀၃) တပ်ရင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MK-007

#MeKongNews

#ပင်လောင်း

#NUG

#PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized

သတင်းကူးယူ အသုံးပြုမှုများနှင့် ပတ်သက်၍ ကြေညာခြင်း

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းအမှောင်ချရန် ရည်ရွယ်ချက်ဖြင့် အာဏာသိမ်း စစ်တပ်နှင့် အပေါင်းအပါများက လွတ်လပ်သည့် သတင်းဌာနများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေသည်ကို ကြံ့ကြံ့ခံရပ်တည်ကာ
Uncategorized

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ
Uncategorized

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Uncategorized

မိုချာဆိုင်ကလုန်းကြောင့် စိန့်မာရင်ကျွန်းနဲ့ ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်များစွာကို ဘေးလွတ်ရာ အလျင်အမြန် ရွှေ့ပြောင်းခိုင်း

မဲခေါင်၊ မေ ၁၃ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ကို တည့်တည့်ဝင်လာမယ့် အင်အားအလွန် ပြင်းအဆင့် မိုချာ ဆိုင်ကလုံး မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် အန္တရာယ်ဇုန်က ရိုဟင်ဂျာဒုက္ခသည်တွေကို မေ ၁၃ ရက် မှာ
Uncategorized

ယူကရိန်းသမ္မတ ဇီလန်စကီးလို သြဇာရှိတဲ့ခေါင်းဆောင်လိုနေတဲ့ မြန်မာ့တော်လှန်ရေး

ဘာသာပြန်ဆောင်းပါး ။ ။ ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်းမှာ ကလေးငယ်တွေအပါအဝင်အနည်းဆုံးလူ ၃၀ ကျော်ဒဏ်ရာရပြီး လူ ၂၀၀ ဝန်းကျင်သေဆုံးခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုနောက်ပိုင်း အာဏာသိမ်းစစ်တပ်ကကျူးလွန်ခဲ့တဲ့ နောက်ဆုံးအရိုင်းဆန်ဆန်လုပ်ရပ်ကို နိုင်ငံတကာအသိုက်အဝန်းက တာဝန်ရှိရှိရှုတ်ချခဲ့ပါတယ်။
Uncategorized

မြောက်စလုံးကျေးရွာ ဘုရားစေတီပေါ်မှာ စစ်ကောင်စီနဲ့ PNO အင်အားအများအပြားနဲ့ တပ်စွဲ စစ်ကြောင်းထိုးနေ

မဲခေါင်၊ မေ ၅ ရှမ်း-ကရင်နီ နယ်စပ်၊ ပင်လောင်းဒေသ၊ မြောက်စလုံးကျေးရွာက ဘုရားစေတီတွေပေါ်မှာ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ် အင်အား အများအပြား တပ်စွဲထားပြီး စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့
Uncategorized

“မသောက်မိသောမိုးခါးရေ” တော်လှန်ရေးဇာတ်လမ်းတို YouTube ကနေ ကြည့်နိုင်ပြီ

မဲခေါင်၊ မေ ၅ နိုင်ငံပေါင်း ၂၀ မှာပြသခဲ့ပြီး ရန်ပုံငွေကျပ်သိန်း ၁၀,၀၀၀ ကျော်ထိ ရရှိခဲ့တဲ့ “မသောက်မိသောမိုးခါးရေ” တော်လှန်ရေးဇာတ်လမ်းတို ရုပ်ရှင်ကိုမေ ၆ ရက်မှာ YouTube ကနေ အခမဲ့ ကြည့်ရှုနိုင်တော့မယ်လို့ ဒါရိုက်တာ
Uncategorized

ညောင်လေးပင်မှာ စစ်တပ်က ပြည်သူတစ်ဦးကို ပစ်သတ်ပြီး ၂ ဦးကို ဖမ်းဆီးနှိပ်စက်

မဲခေါင်၊ မေ ၅ ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ-ညောင်လေးပင် ခရိုင်ထဲမှာ စစ်ကောင်စီတပ်က ပြည်သူ တစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်ပြီး ၂ ဦးကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ KNU က ဒီနေ့