Uncategorized

ညောင်လေးပင်မှာ စစ်တပ်က ပြည်သူတစ်ဦးကို ပစ်သတ်ပြီး ၂ ဦးကို ဖမ်းဆီးနှိပ်စက်

မဲခေါင် 5 May - 2023
မဲခေါင်၊ မေ ၅ ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ-ညောင်လေးပင် ခရိုင်ထဲမှာ စစ်ကောင်စီတပ်က ပြည်သူ တစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်ပြီး ၂ ဦးကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ KNU က ဒီနေ့ မေလ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ မေ ၅

ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ-ညောင်လေးပင် ခရိုင်ထဲမှာ စစ်ကောင်စီတပ်က ပြည်သူ တစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်ပြီး ၂ ဦးကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ KNU က ဒီနေ့ မေလ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့၊ တံခွန်တိုင်ရပ်ကွက်နေ စောလေးလေးထူး ကို မေလ ၃ ရက်နေ့၊ ည ၇ နာရီခွဲ ဝန်းကျင် အလုပ်က ပြန်လာချိန် နတ်သံကွင်းဆေးရုံရှေ့မှာ စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဘုံသတောက ကင်းလှည့် ပြန်လာတဲ့ စကစတွေ ပစ်တာ သေနတ်သံ တစ်ချက် ကြားတယ်။ သွားမကြည့်ရဲကြဘူး။ သွားကြည့်တဲ့အခါ ဆိုင်ကယ် ရပ်ထားတယ်။ နောက်ကျောကို ပစ်တာ၊ လူကဘေးမှာ မှောက်လျက်သေနေပြီ” လို့ ဒေသခံ တစ်ဦးရဲ့ ပြောဆိုမှုကို KNU က ကိုးကား ဖော်ပြပါတယ်။

စောလေးလေးထူး ကို ပစ္စတိုနဲ့ ပစ်သတ်တာဖြစ်ပြီး သူ့ရဲ့ လွယ်အိတ်ထဲမှာ ငွေအမြောက်အမြားပါရှိကာ လွယ်အိတ်နဲ့ ဖုန်းကို စစ်ကောင်စီတပ်က ယူသွားတယ်လို့လည်း ပြောဆိုပါတယ်။

ဒါ့အပြင် ဧပြီ ၂၅ ရက်မှာ ကျောက်ကြီးမြို့နယ်၊ ကျောက်မော်ဘုရားကြီးကျေးရွာက အသက် ၄၀ အရွယ် စောအယ်မူး ကို ခလရ (၅၇) က ဖမ်းဆီးပြီး ခလရ (၃၄၉) ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စောအယ်မူး ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ရဲ့ တပ်သား၊ စစ်ကောင်စီကို ဆန့်ကျင်သူ အဖြစ် စွပ်စွဲ ဖမ်းဆီးတာဖြစ်ပြီး မျက်နှာကို အဝတ်ပတ်ချည်ကာ တစ်ကိုယ်လုံး ဓာတ်ဆီလောင်း မီးရှို့ ကျင်ငယ်ရေနဲ့ ပန်းပြီးမှ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၂ ရက်နေ့မှာလည်း မူးမြို့နယ်၊ သပြေညွန့်ကျေးရွာက အသက် ၂၂ နှစ်အရွယ် စောလိုလို ကို စစ်ကောင်စီက တစ်လကြာ ဖမ်းဆီးထားရာက ထွက်ပြေး လွတ်မြောက်လာရာ ဖမ်းဆီးခံရချိန် အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ခဲ့တာကြောင့် အခုချိန်ထိ ဆေးကုသနေရတယ်လို့ KNU က ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့ အတွင်း KNU အုပ်ချုပ်နယ်မြေ အတွင်းက ရွာသားတွေကို သေနတ်နဲ့ အကြောင်းမဲ့ ပစ်ခတ်မှု ၈ ကြိမ်နဲ့ ရွာသားတွေကို ဖမ်းဆီး သတ်ဖြတ်မှု ၁၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

MK-009
#MeKongNews
#KNU
#ညောင်လေးပင်
#ဓားပြတိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized ဆောင်းပါး

“ကျောင်းတွေဖွင့်ပြီ …” “စစ်အာဏာသိမ်းမှုအောက် မြေစာပင်ဖြစ်ရတဲ့ တိုင်းပြည်အနာဂတ်များ”

ဝေဟင်စိုး ဇွန်လ (၁) ရက်ရဲ့ နံနက်ခင်း နေရောင်ခြည်အောက်မှာ စစ်ကောင်စီက ဖွင့်လှစ်လိုက်တဲ့ ကျောင်းစာသင်ခန်းတွေ ပြန်လည်အသက်ဝင် လှုပ်ရှားလာခဲ့ပြန်ပါပြီ။
Uncategorized

မိုးဗြဲမြို့ပေါ် မှာ ဒီကနေ့ မနက်ပိုင်းကစပြီး ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ဆက်တိုက်
Uncategorized

သတင်းကူးယူ အသုံးပြုမှုများနှင့် ပတ်သက်၍ ကြေညာခြင်း

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းအမှောင်ချရန် ရည်ရွယ်ချက်ဖြင့် အာဏာသိမ်း စစ်တပ်နှင့် အပေါင်းအပါများက လွတ်လပ်သည့် သတင်းဌာနများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေသည်ကို ကြံ့ကြံ့ခံရပ်တည်ကာ သတင်းများ တင်ဆက်လျက်ရှိသည်။
Uncategorized

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Uncategorized

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Uncategorized

မိုချာဆိုင်ကလုန်းကြောင့် စိန့်မာရင်ကျွန်းနဲ့ ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်များစွာကို ဘေးလွတ်ရာ အလျင်အမြန် ရွှေ့ပြောင်းခိုင်း

မဲခေါင်၊ မေ ၁၃ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ကို တည့်တည့်ဝင်လာမယ့် အင်အားအလွန် ပြင်းအဆင့် မိုချာ ဆိုင်ကလုံး မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် အန္တရာယ်ဇုန်က ရိုဟင်ဂျာဒုက္ခသည်တွေကို မေ ၁၃ ရက် မှာ
Uncategorized

ယူကရိန်းသမ္မတ ဇီလန်စကီးလို သြဇာရှိတဲ့ခေါင်းဆောင်လိုနေတဲ့ မြန်မာ့တော်လှန်ရေး

ဘာသာပြန်ဆောင်းပါး ။ ။ ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်းမှာ ကလေးငယ်တွေအပါအဝင်အနည်းဆုံးလူ ၃၀ ကျော်ဒဏ်ရာရပြီး လူ ၂၀၀ ဝန်းကျင်သေဆုံးခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုနောက်ပိုင်း အာဏာသိမ်းစစ်တပ်ကကျူးလွန်ခဲ့တဲ့ နောက်ဆုံးအရိုင်းဆန်ဆန်လုပ်ရပ်ကို နိုင်ငံတကာအသိုက်အဝန်းက တာဝန်ရှိရှိရှုတ်ချခဲ့ပါတယ်။
Uncategorized

မြောက်စလုံးကျေးရွာ ဘုရားစေတီပေါ်မှာ စစ်ကောင်စီနဲ့ PNO အင်အားအများအပြားနဲ့ တပ်စွဲ စစ်ကြောင်းထိုးနေ

မဲခေါင်၊ မေ ၅ ရှမ်း-ကရင်နီ နယ်စပ်၊ ပင်လောင်းဒေသ၊ မြောက်စလုံးကျေးရွာက ဘုရားစေတီတွေပေါ်မှာ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ် အင်အား အများအပြား တပ်စွဲထားပြီး စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့