Others

စစ်ဘေးရှောင်တွေအတွက် နီပွန် ဖောင်ဒေးရှင်းကလှူဒါန်းတဲ့ ဆန်အိတ် ၃ ထောင်ကျော် ဈေးကွက်ထဲရောက်ရှိ

မဲခေါင် 17 Jun - 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဆီဆိုင်မြို့နယ် စစ်ဘေးရှောင်တွေအတွက် နီပွန်ဖောင်‌ဒေးရှင်းက လှူဒါန်းလိုက်တဲ့ ဆန်အိတ် ၃၃၀၀ ဟာ မြေပြင်ကို မရောက်ရှိသေးဘူးလို့ မဲခေါင် သတင်းဌာနက စုံစမ်းသိရပါတယ်။

မဲခေါင် ဇွန် ၁၇

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဆီဆိုင်မြို့နယ် စစ်ဘေးရှောင်တွေအတွက် နီပွန်ဖောင်‌ဒေးရှင်းက လှူဒါန်းလိုက်တဲ့ ဆန်အိတ် ၃၃၀၀ ဟာ မြေပြင်ကို မရောက်ရှိသေးဘူးလို့ မဲခေါင် သတင်းဌာနက စုံစမ်းသိရပါတယ်။

အဲဒီ ဆန်အိတ်တွေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌဟောင်း ခွန်ဥက္ကာကတဆင့် သက်ဆိုင်ရာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ခံတွေဆီ ခွဲဝေပေးခဲ့တာဖြစ်ပြီး ဆန်အိတ်တချို့ကို တောင်ကြီးမြို့ ဆန်ဆိုင်တွေမှာ ရောင်းချနေတယ်လို့လည်း မျက်မြင်တွေ့ရှိခဲ့သူတွေဆီက သိရပါတယ်။

နေရပ်ပြန် စစ်ဘေးရှောင် တစ်ဦးက “ကျနော်တို့ အသိတွေထဲမှာရော လိုင်းပေါ်မှာရော တက်မေးကြည့်တာ ဘယ်သူမှ မရဘူးတဲ့။ ကိုယ့်မြို့ကိုယ်ရွာ ပြန်ရောက်တာ လုပ်ကိုင်စားဖို့က မရှိတဲ့ကြားထဲ အလှူရှင်ပေါ်လာလို့ ဝမ်းသာနေတာ။ မရဘူးဆိုတော့လည်း ဘယ်တတ်နိုင်မလဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လ မေလ ၂၃ ရက်နေ့ကတည်းက ဆန်အိတ်တွေကို နီပွန်ဖေါင်ဒေးရှင်းက လာရောက်လှူဒါန်းထားတာဖြစ်ပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO/PNLA) ဥက္ကဌဟောင်း ခွန်ဥက္ကာက လက်ခံပေးခဲ့တယ်ဆိုတဲ့အကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

ခွန်ဥက္ကာဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်/ တပ်မတော်(PNLO/ PNLA)ရဲ့ ဥက္ကဌအဖြစ် လုပ်ကိုင်ခဲ့ပြီး အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ PNLA ရဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ လတ်တလောမှာ ခွန်ဥက္ကာကို တပ်ဖွဲ့အနေနဲ့ ဘာရာထူး/တာဝန်ယူမထားတာကြောင့် အဖွဲ့နဲ့သက်ဆိုင်မှုမရှိဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့ ဆီဆိုင်တိုက်ပွဲ စတင်ကတည်းက စစ်ဘေး‌တိမ်းရှောင်ခဲ့ကြတဲ့ ပြည်သူ တစ်သိန်းနီးပါးဟာ မေလနောက်ဆုံးပတ်မှာ တစ်သုတ်ပြီးတစ်သုတ် နေရပ်ပြန်လာကြတာကြောင့် လက်ရှိ ဆီဆိုင်မြို့နယ်တွင်းမှာ လူဦးရေ ၅ သောင်းကျော်ခန့် ‌ရောက်ရှိနေပြီး လုပ်ကိုင်စားသောက်ဖို့တော့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။

MK014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမြို့အဝင် ကျေးရွာတွေကို MNDAAက ထိန်းချုပ်ပြီးနောက် မြို့တွင်းတိုက်ပွဲအခြေအနေ ငြိမ်သက်နေ

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အဝင်က ဟိုပိတ်နဲ့ မယ်ဟန်ကျေးရွာတွေကို ကိုးကန့်တပ်မတော်(MNDAA)က ဒီနေ့(ဇူလိုင် ၁၇) မနက်ပိုင်းမှာ ထိန်းချုပ်နိုင်ခဲ့ပြီလို့ မြေပြင် သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးကုတ်မှာ ဒရုန်းဗုံးကျလို့ လူနေအိမ် တစ်လုံး ပျက်စီးပြီး အရပ်သား တစ်ဦး ထိခိုက်မှုရှိ

မန္တလေးတိုင်း ဒေသကြီး၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ရေပူရွာ၊ မူလတန်းကျောင်းအနီးက လူနေအိမ်တစ်လုံးပေါ်ကို ဒီနေ့ ဇူလိုင် ၁၇ ရက်နေ့ နံနက်ပိုင်း ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကိုးကန့် လူမှုရေးခန်းမမှာ စစ်ဘေးရှောင် ၅၀၀ ကျော် အကူအညီလိုအပ်

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ကိုးကန့်လူမှုရေးခန်းမမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ၅၀၀ ကျော်အတွက် အကူအညီလိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ မြစ်ကြီးနား မပခကနေ ဝိုင်းမော်ဘက်ကို လက်နက်ကြီး ပစ်ထည့်

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်းမှာ မြစ်ကြီးနား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ကနေ ဝိုင်းမော်ဘက် လက်နက်ကြီး ပစ်ထည့်နေကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပင်လောင်းမှ ဖယ်ခုံကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ PNA ၇ ဦးကို တော်လှန်ရေးတပ်ပေါင်းစုက လက်ရဖမ်းမိ

ရှမ်းတောင်၊ ပင်လောင်းကနေ ဖယ်ခုံမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းက PNA ၇ ဦးကို ဆောင်းပြောင်းကျေးရွာဘက်တွင် လက်ရဖမ်းမိတာလို့ တော်လှန်ရေးသတင်းရင်းမြစ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကားဘက္ထရီ ဝပ်ရှော့အတွင်း လက်နက်ကြီးကျလို့ ကားတွေနဲ့ အဆောက်အဦးမီးလောင်

ရှမ်းမြောက်၊ ကျောက်မဲမြို့၊ ရပ်ကွက်-၈ က ကားဘက္ထရီ ဝပ်ရှော့ပြုပြင်တဲ့ အိမ်ဆိုင်ဝင်းအတွင်း ဇူလိုင်လ ၁၆ ရက် ညနေပိုင်းက စစ်ကောင်စီကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ပြင်ဖို့အပ်ထားတဲ့ကားတွေနဲ့ အဆောက်အဦး မီးလောင်သွားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်ပြတိုက်က ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းတွေ မြို့ပေါ်တိုက်ပွဲအတွင်း ခိုးယူခံရ

ကယားပြည်နယ် လွိုင်ကော်မြို့က ပြတိုက်မှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းတွေ လက်နက်ကိုင်ပဋိပက္ခ မြို့ပေါ်တိုက်ပွဲတွေအတွင်း ခိုးယူခံလိုက်ရတယ်လို့ ယဉ်ကျေးမှုအမွေအနှစ်တွေကို တန်ဘိုးထားသူတွေ ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းအရှေ့ကနေ တရုတ်နဲ့ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖော်ဆောင်ဖို့ စစ်ကောင်စီလုပ်ဆောင်နေ

ထိုင်း-တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းသစ် ဖေါ်ဆောင်ဖို့ တာချီလိတ်ကို ဇူလိုင် ၁၄ ရက်နေ့က စစ်ကောင်စီရဲ့ စီးပွား/ကူးသန်းဝန်ကြီးနဲ့ အဖွဲ့ရောက်ရှိနေတယ်လို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now