Uncategorized

စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကျုံဒိုးမြို့ပေါ်နဲ့ ကျေးရွာကဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးရ

မဲခေါင် 24 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၄ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျုံဒိုးမြို့ပေါ် အပါအဝင် ကျေးရွာတွေက ဒေသခံ ၃,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၄

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျုံဒိုးမြို့ပေါ် အပါအဝင် ကျေးရွာတွေက ဒေသခံ ၃,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ကျုံဒိုးမြို့နယ်မှာ ဇန်နဝါရီ ဒုတိယ အပတ်ကစပြီး ညစဉ် လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရာက ဒီကနေ့မှာ မြို့အနီးတဝိုက် နေအိမ်တချို့ လက်နက်ကြီး ထိမှန်တာတွေကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့လည်း ဆိုပါတယ်။

“အခု ကမ်းနားပိုင်း၊ လမ်းမပိုင်းက လူတွေ အကုန်ရှောင်ကုန်ပြီ။ ကျုံဒိုးကို လေယာဉ်လာမယ်တဲ့၊ အခြေအနေ မကောင်းဘူး။ တိုက်ပွဲက မဖြစ်ဘူး။ ခွေးတွေက ဘယ်ကနေ ပစ်နေမှန်းမသိ” လို့ ကျုံဒိုးဒေသခံနဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

ကျုံဒိုးမြို့နယ်ထဲမှာ စစ်ကောင်စီ လက်အောက်ခံ တပ်ရင်း (၅၄၅)၊ (၅၄၆) တို့ရှိပြီး အဲ့ဒီတပ်တွေကနေ လက်နက်ကြီးတွေ ပစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ကျုံဒိုးမြို့နယ် ကမ်းနီ၊ ကမ်းမလိုက်၊ ကျောက်ဖျာရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး ရွာကလေး၊ မြေနီကုန်း၊ ကော့ဘိန်း၊ ကော့ပေါက်၊ မိဂလုံ၊ ရွာကလေး စတဲ့ ကျေးရွာတွေနဲ့ မြို့အနီးတဝိုက် ကျေးရွာတွေ၊ မြို့ပေါ် ကမ်းနားလမ်းနဲ့ လမ်းမဘေးက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ကျုံဒိုးမြို့မှာ သာမဏေကျော် စာမေးပွဲ ရှိနေတာကြောင့် တိုက်ပွဲ မဖြစ်ဖို့အတွက် ကော့ဝါလဲကျေးရွာ အေးချမ်းသာယာကျောင်း ဆရာတော်က မေတ္တာရပ်ခံထားခဲ့ပြီး အခုလ ၂၇ ရက်နေ့မှာ နှစ်စဉ်ကျင်းပနေကျ ကျုံဒိုး မီးပုံပွဲ စတင်တော့မှာ ဖြစ်ပေမယ့် အခုလို လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့် နေကြရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြေနီကုန်းကျေးရွာက အသက် ၁၄ နှစ်အရွယ် မိန်းကလေး တစ်ဦး လက်နက်ကြီး ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကော့ကရိတ်မြို့နယ် အတွင်း စစ်တပ်ရဲ့လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ နေအိမ်တွေ ထိမှန်ခဲ့ပြီး ပြည်သူတစ်ဦး သေဆုံးခဲ့ပါသေးတယ်။

ဒါ့အပြင် ဒီဇင်ဘာလက ဖြစ်ပွားခဲ့တဲ့ ကော့ကရိတ်မြို့နယ် တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲ အဖြစ် စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုဟာ ကော့ကရိတ်အနီးက ကျုံဒိုးမြို့နဲ့ ကျေးရွာတွေထိကိုပါ ရောက်ရှိလာလို့ စစ်မျက်နှာ ကျယ်ပြန့်လာနိုင်တယ်လို့ စစ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

ဒီနေ့မနက်မှာတော့ ကျုံဒိုးမြို့ (၅၄၅) တပ်ရင်းကို ဒေသခံ KNLA ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မဲခေါင်သတင်း အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

မနေ့ည ၉ နာရီဝန်းကျင်မှာလည်း ဘုရားသုံးဆူမြို့နယ်ထဲက စစ်ကောင်စီ လက်အောက်ခံ ထွေအုပ်၊ လဝက၊ စည်ပင်နဲ့ စရဖ ရုံး ၄ ရုံး မီးလောင်ပြာကျခဲ့ပြီးဖနာက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေကြား စစ်ရေး အခြေအနေ တင်းမာလျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MK-009

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized ဆောင်းပါး

“ကျောင်းတွေဖွင့်ပြီ …” “စစ်အာဏာသိမ်းမှုအောက် မြေစာပင်ဖြစ်ရတဲ့ တိုင်းပြည်အနာဂတ်များ”

ဝေဟင်စိုး ဇွန်လ (၁) ရက်ရဲ့ နံနက်ခင်း နေရောင်ခြည်အောက်မှာ စစ်ကောင်စီက ဖွင့်လှစ်လိုက်တဲ့ ကျောင်းစာသင်ခန်းတွေ ပြန်လည်အသက်ဝင် လှုပ်ရှားလာခဲ့ပြန်ပါပြီ။
Uncategorized

မိုးဗြဲမြို့ပေါ် မှာ ဒီကနေ့ မနက်ပိုင်းကစပြီး ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ဆက်တိုက်
Uncategorized

သတင်းကူးယူ အသုံးပြုမှုများနှင့် ပတ်သက်၍ ကြေညာခြင်း

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းအမှောင်ချရန် ရည်ရွယ်ချက်ဖြင့် အာဏာသိမ်း စစ်တပ်နှင့် အပေါင်းအပါများက လွတ်လပ်သည့် သတင်းဌာနများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေသည်ကို ကြံ့ကြံ့ခံရပ်တည်ကာ သတင်းများ တင်ဆက်လျက်ရှိသည်။
Uncategorized

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Uncategorized

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Uncategorized

မိုချာဆိုင်ကလုန်းကြောင့် စိန့်မာရင်ကျွန်းနဲ့ ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်များစွာကို ဘေးလွတ်ရာ အလျင်အမြန် ရွှေ့ပြောင်းခိုင်း

မဲခေါင်၊ မေ ၁၃ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ကို တည့်တည့်ဝင်လာမယ့် အင်အားအလွန် ပြင်းအဆင့် မိုချာ ဆိုင်ကလုံး မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် အန္တရာယ်ဇုန်က ရိုဟင်ဂျာဒုက္ခသည်တွေကို မေ ၁၃ ရက် မှာ
Uncategorized

ယူကရိန်းသမ္မတ ဇီလန်စကီးလို သြဇာရှိတဲ့ခေါင်းဆောင်လိုနေတဲ့ မြန်မာ့တော်လှန်ရေး

ဘာသာပြန်ဆောင်းပါး ။ ။ ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်းမှာ ကလေးငယ်တွေအပါအဝင်အနည်းဆုံးလူ ၃၀ ကျော်ဒဏ်ရာရပြီး လူ ၂၀၀ ဝန်းကျင်သေဆုံးခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုနောက်ပိုင်း အာဏာသိမ်းစစ်တပ်ကကျူးလွန်ခဲ့တဲ့ နောက်ဆုံးအရိုင်းဆန်ဆန်လုပ်ရပ်ကို နိုင်ငံတကာအသိုက်အဝန်းက တာဝန်ရှိရှိရှုတ်ချခဲ့ပါတယ်။
Uncategorized

မြောက်စလုံးကျေးရွာ ဘုရားစေတီပေါ်မှာ စစ်ကောင်စီနဲ့ PNO အင်အားအများအပြားနဲ့ တပ်စွဲ စစ်ကြောင်းထိုးနေ

မဲခေါင်၊ မေ ၅ ရှမ်း-ကရင်နီ နယ်စပ်၊ ပင်လောင်းဒေသ၊ မြောက်စလုံးကျေးရွာက ဘုရားစေတီတွေပေါ်မှာ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ် အင်အား အများအပြား တပ်စွဲထားပြီး စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့