Uncategorized

ကြည့်မြင်တိုင်မှာ စစ်တပ်ကဗုံးဖြုတ်ပြီး လူငယ် ၃ ဦးကို ဖမ်းဆီးသွား

မဲခေါင် 23 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း အောက်ဘက်၊ ကျော်တံတား လမ်းထိပ်ရှိ ကုဋေကြွယ် လက်ဖက်ရည်ဆိုင်နားမှာ စစ်တပ်က ကားများရပ်ထားပြီး စစ်သားများက ပတ်ဝန်းကျင် လူတွေကို မေးမြန်းမှုတွေ ပြုလုပ်ကာ ဗုံးတွေ့တဲ့နေရာမှ ကြိုးတွေဖြုတ်ပြီး ဗုံးကို ဒီကနေ့ မနက် ၁၀ နာရီ ဝန်းကျင်မှာ ယူဆောင်သွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း အောက်ဘက်၊ ကျော်တံတား လမ်းထိပ်ရှိ ကုဋေကြွယ် လက်ဖက်ရည်ဆိုင်နားမှာ စစ်တပ်က ကားများရပ်ထားပြီး စစ်သားများက ပတ်ဝန်းကျင် လူတွေကို မေးမြန်းမှုတွေ ပြုလုပ်ကာ ဗုံးတွေ့တဲ့နေရာမှ ကြိုးတွေဖြုတ်ပြီး ဗုံးကို ဒီကနေ့ မနက် ၁၀ နာရီ ဝန်းကျင်မှာ ယူဆောင်သွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းက မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံး တွေ့ရှိခဲ့လို့ အဆိုပါနေရာသို့ စစ်ကား ၈ စီးနဲ့ ရဲကား ၂ စီး လာရောက်ပြီး မနက် ၁၀ နာရီ ၁၅ မိနစ်က ပြန်လည် ထွက်ခွာသွားကာ ကမ်းနားလမ်းမှာ ဖမ်းဆီးထားတဲ့ လူငယ် ၃ ဦးကိုတော့ စစ်ကား ၂ စီး၊ ရဲကား တစ်စီးနဲ့ တင်ဆောင်ကာ ကမ်းနားဈေးမှ နတ်စင်လမ်းဘက်သို့ ကမ်းနားလမ်းအတိုင်း မောင်းနှင်သွားတယ်လို့ သူကပြောပါတယ်။

“ အခု ကြည့်မြင်တိုင် အထက်လမ်းနဲ့ အောက်လမ်းမှာ ဖွင့်တဲ့ ဈေးဆိုင်တွေ ပိတ်ရမယ်လို့ လိုက်ပြောသွားတယ်။ ဆိုင်ခုံတွေ အကုန်ရှင်းပေးရမယ်ဆိုပြီး စည်ပင်တွေ လာပြောသွားပြီ။ သူတို့ကို သတင်မပေးလို့ အခုလို လုပ်တာပေါ့ကွာ။ ရက်အကန့်အသတ်မရှိ ပိတ်ထားရမယ်လို့ ခွေးတွေက ဟောင်သွားတာ” လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်ကာ ဈေးကြီးလမ်း၊ အထက်ကြည့်မြင်တိုင်လမ်း၊ ကမ်းနားလမ်းမှာ ဖွင့်လှစ်ရောင်းချနေတဲ့ ဈေးသည်တွေရဲ့ ဆိုင်ခုံတွေ ဖယ်ပေးရမယ်လို့ စစ်တပ်နဲ့ စည်ပင်က ပြောဆိုသွားပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားရမယ်လို့ ပြောဆိုပါတယ်။

အလားတူ ဒဂုံဆိပ်ကမ်း (၉၄) ရပ်ကွက်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး ရာအိမ်မှူး ၂ ဦး သေဆုံးခဲ့တဲ့ အတွက် အဆိုပါလမ်းမှာ ဖွင့်လှစ်ရောင်းချနေတဲ့ ဈေးဆိုင်ခန်းတွေကို စစ်တပ်၊ ရဲနဲ့ ပျူစောထီး လူမိုက်တွေက ဒီကနေ့ မနက်ပိုင်းမှ စတင်ကာ အင်အားသုံးပြီး ဒုတိယအကြိမ် ဝင်ရောက် ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized

ရွှေထည်တွေဝတ်တဲ့ တောထွက်ဘုန်းကြီးကို မြို့နယ်သံဃာ့နာယက ခံဝန်ထိုးခိုင်း

မဲခေါင်၊ မတ် ၂၀ နေပြည်တော၊် တပ်ကုန်းမြို့နယ်၊ ကျေးရွာတစ်ရွာမှာ မတ်လ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ရှင်ပြု၊ ရဟန်းခံ
Uncategorized

ICC ဖမ်း၀ရမ်းအတိုင်း ပူတင်ကို တကယ် ဖမ်းဆီးနိုင်ပါ့မလား(ဘာသာပြန်)

၂၀၂၃ မတ် ၁၇ ရက်နေ့မှာပဲ နယ်သာလန်နိုင်ငံ The Hague မြို့အခြေစိုက် နိုင်ငံတကာရာဇဝတ်တရားရုံး International Criminal Court
Uncategorized

WHO ဖွင့်လှစ်တဲ့သင်တန်းတွေ မြန်မာကျန်းမာရေးနယ်ပယ်က စိတ်ဝင်စားသူတွေ အခမဲ့တက်ရာက်နိုင်

မဲခေါင်၊ မတ် ၁၈ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ဖွင့်လှစ်တဲ့ သင်တန်းတွေကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်က စ်တ်ဝင်စားသူတွေ အခမဲ့ လျှောက်ထားနိုင်တယ်လို့ WHO ရဲ့
Uncategorized

ရွာငံမှာ လက်နက်အများအပြားနဲ့အတူ PDF ၃ ဦး ဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

မဲခေါင်၊ မတ် ၁၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ လက်နက် အများအပြားနဲ့ အတူ PDF ၃ ဦးကို ဖမ်းမိတယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်ပါတယ်။
Uncategorized

စွန့်ပစ် မိကျောင်းမွေးကန်မှာ အချင်းချင်းကိုက်သတ်စားကြလို့ မိချောင်းများစွာ သေဆုံး

မဲခေါင်၊ မတ် ၇ ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဆောင်ခလာခရိုင်က လူတွေစားဖို့ မွေးထားတဲ့ မိကျောင်းမွေးကန်ဟာ လွန်ခဲ့တဲ့ တစ်နှစ်က ပိုင်ရှင် သေဆုံးပြီးနောက် လူသူမသိ စွန့်ပစ်ထားတဲ့ အနေအထားကြောင့် မိချောင်းတွေ အချင်းချင်း ကိုက်သတ် စားသောက်ရတဲ့အဖြစ်
Uncategorized

ဘုရင့်နောင်ကားဝန်းအနီး ကုန်တင်ကား‌ရော ယာဥ်မောင်း၊ ယာဥ်နောက်လိုက်ပါအစုံလိုက်ပျောက်ဆုံးနေ

မဲခေါင်၊ မတ် ၅ ရန်ကုန်တိုင်း၊ ဘုရင့်နောင်ကားဝင်းအနီး ရပ်ထားတဲ့ ကုန်တင်ကားနဲ့ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်ကို ရှာဖွေဆက်သွယ်လို့မရတာကြောင့် အသက်အန္တရယ်စိုးရိမ်ရတဲ့အတွက် တွေ့ရှိသူတွေ အနေနဲ့ အကြောင်း ကြားပေးဖို့ ယာဥ်ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းထားပါတယ်။
Uncategorized

တောင်ကြီးမှာ သွေးနှော ပတ်စပို့ ကျပ် ၆ သိန်းဈေးပေါက်

မဲခေါင်၊ မတ် ၄ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ရာ နေ့စဉ် လူဦးရေ ကန့်သတ် လုပ်ပေးနေတဲ့ အတွက် ကိုယ်တိုင်
Uncategorized

ရန်ကုန်တိုင်းအတွင်း လာရောက်တည်းခိုသူများစာရင်းကို စစ်ကောင်စီထံ တင်ပြနေရ

မဲခေါင်၊ ဖေဖော်ဝါရီ ၂၆ အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်တိုင်းအတွင်း လာရောက်တည်းခိုနေထိုင်သူတွေရဲ့ မှတ်ပုံတင်ပါအချက်အလက်တွေကို စားရင်းပြုစုပြီး သက်ဆိုင်ရာမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးထံ လူစာရင်းအတိအကျ အစီအရင်ခံတင်ပြနေရတယ်လို့ ဟိုတယ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက မဲခေါင်သတင်းဌာန ကိုပြောပါတယ်။