စစ်ရှောင်စခန်းတွေမှာ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ နေရာတိုင်းမှာမရှိကြပါဘူး။ ဒီလို အခြေအနေမှာ ကျန်းမာရေး နဲ့ပတ်သက်ပြီး တခုခု ဖြစ်လာခဲ့ရင် ဆေးဝါးမကုသနိုင်သေးတဲ့ အချိန်မှာ ရှေ့ဦးသူနာပြုစုနည်းနဲ့ အသက်ကယ်ဖို့ အရေးတကြီးလိုအပ်ပါတယ်။ ဒါမှသာ သွေးထွက်လွန်တာ နဲ့ တခြားသော အသက်အန္တရာယ် ရှိနိုင်မယ့် အခြေအနေကို ကျော်လွန်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် စစ်ဘေးရှောင်ဒေသတွေမှာ အသုံးဝင်နိုင်တဲ့ ရှေ့ဦးသူနာပြုစုနည်း အကြောင်းကို ဒီတပတ် မဲခေါင်သတင်းဌာနရဲ့“စစ်ဘေးသတိ ကျန်းမာရေးအသိ” အစီအစဉ် ကနေပြီး ဆွေးနွေးတင်ဆက်ပေးမှာဖြစ်ပါတယ်။