ဒေသတွင်းသတင်း

စီးပွားရေးလုပ်ငန်းရှင်တွေကို ပြည်ပထွက်ခွာခွင့် စစ်ကောင်စီပိတ်ပင်

မဲခေါင် 30 Oct - 2023
အဂတိအမှုတွေနဲ့ အရေးယူခံထားရတဲ့ ဗိုလ်မှူးချူပ် မိုးမြင့်ထွန်း အမှုနဲ့ နီးစပ်ရာလုပ်ငန်းရှင်များအပြင်၊ အခြားလုပ်ငန်းရှင် အများအပြားကိုပါ ပြည်ပထွက်ခွာခွင့်ပိတ်ထားတယ်လို့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝန်းက စုံစမ်းသိရှိရပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၃၀

အဂတိအမှုတွေနဲ့ အရေးယူခံထားရတဲ့ ဗိုလ်မှူးချူပ် မိုးမြင့်ထွန်း အမှုနဲ့ နီးစပ်ရာလုပ်ငန်းရှင်များအပြင်၊ အခြားလုပ်ငန်းရှင် အများအပြားကိုပါ ပြည်ပထွက်ခွာခွင့်ပိတ်ထားတယ်လို့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝန်းက စုံစမ်းသိရှိရပါတယ်။

စက်သုံးဆီ တင်သွင်းရောင်းချသူတွေ၊ စားအုန်းဆီ တင်သွင်းရောင်းချသူတွေ၊ ပြောင်းကုန်သည်ကြီးများ၊ ဆန် အပြင် အခြား စီးပွားရေးကဏ္ဍမှ လုပ်ငန်းကြီးအချို့ကိုလည်း ပြည်ပထွက်ခွာခွင့် တားမြစ်ထားတယ်လို့သိရပါတယ်။

စစ်ကောင်စီက ပြည်ပထွက်ခွာခွင့် ပိတ်ပင်တားမြစ်စာတွေကို စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အိမ်တွေအထိ ပို့ပြီးတာမြစ်ထားသလို တချို့လုပ်ငန်းရှင်တွေဟာ ထွက်ခွာခွင့်တားမြစ်ထားတာကို မသိရှိဘဲ လေဆိပ်ရောက်မှ သိတဲ့သူတွေရှိတယ်လို့ မဲခေါင်းသတင်းဌာနနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ဒီကြားထဲခရီးမသွားပါနဲ့၊ ဖမ်းတာဆီးတာလုပ်မှာ မဟုတ်ဘူး၊ ဘာအကြောင်းနဲ့မှ ထွက်ခွာခွင့် မရှိဘူးဆိုတဲ့သဘောပေါ့၊ သွားမယ်ဆိုလာပြော၊ လာပြောခိုင်းတယ်ဆိုတာက သွားခွင့်ပေးမယ်လို့ ပြောတာမဟုတ်ဘူးဆိုတော့ အထဲထည့်ပြီး ချောင်ပိတ်ရိုက်လည်း ခံဆိုတဲ့သဘောမှာရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှာ ကြောက်သဖြင့် ပြည်ပသို့ရှောင်တိမ်းတဲ့ လုပ်ငန်းရှင်တွေရှိလာပြီးနောက် ပို့ကုန်သွင်းကုန် ကုမ္ပဏီ ၂၂ ခုမှ ဒါရိုက်တာတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

“အဂတိကျူးလွန်ထားတယ်ဆိုတဲ့ စစ်ဆေးမှုမှာ တစ်ချို့လုပ်ငန်းရှင်တွေကို ဖယ်ထုတ်ထားဖို့ ညွန်ကြားထားတယ်လို့ လည်းကြားတယ်။ စစ်ဆေးခံနေရတဲ့ ကဏ္ဍတွေအပြင်ဆောက်လုပ် ရေးလုပ်ငန်းသုံး သံနှင့် ဆေးပစ္စည်းတင်သွင်းတဲ့ ကုမ္ပဏီတွေ၊ ဆန်တင်ပို့နေတဲ့ကုမ္ပဏီတွေရဲ့ လုပ်ငန်းရှင်တွေကိုပါ ပြည်ပကိုမည်သည်အကြောင်းအရာနဲ့မှ ထွက်ခွာခွင့်မရှိတဲ့သဘောလုပ်ထားတယ်” လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ အတွင်းရေးမှူး ဗိုလ်ချုပ် ရန်နောင်စိုးနဲ့ ဆက်စပ်သည်ဟုဆိုကာ ကုန်သည်စက်မှုအသင်းချုပ်မှ လုပ်ငန်းရှင်ကြီးအချို့တို့အား စစ်ကောင်စီက နေပြည်တော်တွင် ဖမ်းဆီး စစ်ဆေးနေပါတယ်။

စားသုံးဆီဈေးတွေ အဆမတန်မြင့်တက်နေမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံစားသုံးဆီ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌအပါအဝင် လုပ်ငန်းရှင်ကြီးတွေကို စစ်ကောင်စီက နေပြည်တော်မှာ ဖမ်းဆီးစစ်ဆေးခဲ့ပါသေးတယ်။

MK-006

#MeKongNews

#စီးပွားရေး

#လုပ်ငန်းရှင်

#ပိတ်ပင်

#ပြည်ပ

#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း

တာချီလိတ်မှာ ဖမ်းမိတဲ့ အွန်လိုင်းလောင်းကစားလုပ်သူ လူငယ် ၄၈၄ ဦး စစ်ကောင်စီ ပြန်လွှတ်

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ အွန်လိုင်းလောင်းကစားလုပ်ငန်းလုပ်ကိုင်ခဲ့သူ လူငယ် ၄၈၄ ဦးကို ဖမ်းဆီးထားရာမှ ဒီနေ့ မတ်လ ၁၈ ရက် နေ့မှာ
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တအာင်းဥပဒေအကယ်ဒမီကျောင်း အပတ်စဥ် ၂ စတင်ဖွင့်လှစ်

ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှာ တအာင်းဥပဒေ အကယ်ဒမီကျောင်း အပတ်စဉ်(၂) ကိုမနေ့ မတ်လ ၁၇ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်တယ်လို့ TNLA ကဒီကနေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးနဲမှာ စစ်မှုထမ်းဖို့ တစ်ရပ်ကွက် လူ ၃ ဦးနဲ့ မဲစနစ်ကောက်

ရှမ်းတောင် မိုးနဲမြို့နယ်မှာ ဒီနေ့မတ်လ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရပ်ကွက် အုပ်ချုပ်‌ရေးမှူးတွေနဲ့အတူ စစ်မှုထမ်းဖို့ ရပ်ကွက်အလိုက် မဲနှိုက်စနစ်ပုံစံနဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပင်လောင်းနဲ့ဖယ်ခုံကြားတနေရာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နဲ့ ဖယ်ခုံမြို့ကြားရှိ နေရာတခုမှာ မတ်လ ၁၇ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်တခုက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျောက်တစ်လုံးမြို့နယ်ခွဲမှာ PNO ပြည်သူ့စစ်က အဆမတန် ဆက်ကြေးကောက်

မဲခေါင်၊ မတ် ၁၈ ရှမ်းပြည်တောင်ပိုင်း၊ ကျောက်တစ်လုံးကြီးမြို့နယ်ခွဲရဲ့ နောင်ကားကျေးရွာအုပ်စုမှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆက်ကြေး အဆမတန်ကောက်နေလို့ ဒေသခံပြည်သူတွေ အလွန်အမင်းခက်ခဲဒုက္ခရောက်နေတယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။ PNO ပြည်သူ့စစ်က ဒေသခံတွေဆီက ယာဉ်နဲ့စက်တွေအတွက် သိန်းချီတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်နေလို့ ခရီးမသွားကြဖို့ မိုးဗြဲ-ဖယ်ခုံတော်လှန်ရေးအင်အားစုတွေ မေတ္တာရပ်ခံ

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေရဲ့ ထိုးစစ်ဆင်နေမှုတွေကို ခုခံနေရလို့နောင်ဝိုး၊ ဗန်းမောက်နဲ့ နမ်းဖောမူ ကျေးရွာများတောက်လျှောက် တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းအရှေ့ မိုင်းဆတ်၊ မိုင်းတုံမှာ စစ်မှုထမ်းဖို့ မဲနှိုက်ရာမှာ မညီမျှမှုတွေဖြစ်နေ

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်၊ မိုင်းတုံ ခရိုင်တွေမှာ စစ်မှုထမ်းဖို့ ရပ်ကွက်အဆင့် လုပ်ဆောင်နေတာတွေဟာ ညီမျှမှုတွေမရှိဘူးလို့ ဒေသခံတွေက ဝေဖန်ပြောကြားနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

အင်းစိန်ထောင်မှ နိုင်ငံရေးအကျဥ်းသား ၂၄ ဦး ရက်ပေါင်း ၁၃၀ ကျော်ကြာ တိုက်ပိတ်ဒေါက်ခတ်ပြီး အလုပ်ခိုင်းစေခံရ

အင်းစိန်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၄ဦးကို ရက်ပေါင်း ၃ လ ကြာတိုက်ပိတ်ပြီးနောက် ခြေကျင်းဒေါက်ခတ်ကာ အလုပ်ကြမ်းတွေကို စစ်ကောင်စီထောင်ဝန်ထမ်းတွေက ခိုင်းစေလျက် ရှိတယ်လို့ ဒီနေ့မတ်လ ၁၆ ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက် PPNM က ထုတ်ပြန်ကြေညာချက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now