Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ချင်းရိုင်၊ စက်တင်ဘာ ၃

စနေနေ့မနက်အစောပိုင်းမှာ ချင်းရိုင်ခရိုင်အာဏာပိုင်တွေက လူသိများတဲ့ကလပ်တခုကိုဝင်ရောက်စီးနင်းစစ်ဆေးချိန်မှာ ကလပ်ကနေအပြင်ထွက်မယ့် အရေးပေါ်ထွက်ပေါက်တွေကို ပိတ်ထားပြီး အသက်မပြည့်သေးတဲ့လူငယ် ၃၀၀ ကျော် တွေ့ခဲ့ရပါတယ်။

ခရိုင်အုပ်ချုပ်ရေးဌာနနဲ့ လူငယ်စောင့်ကြည့်လေ့လာရေးနှင့် ကာကွယ်ရေးဌာနတို့မှ အရာရှိတွေက ကလပ်ကို မနက် ၂ နာရီမှာ ဝင်ရောက်စီးနင်းခဲ့တာပါ။

အရာရှိတွေကိုမြင်လို့ ကလပ်ထဲဝင်ဖို့စောင့်နေတဲ့လူငယ်တွေ ဆိုင်ကယ်တွေနဲ့ထွက်ပြေးခဲ့ပြီး ကလပ်ထဲဝင်ရောက်ပြီးချိန်မှာ အရက်သောက်ရင်း ကခုန်နေကြတဲ့လူငယ်တွေပြည့်နေတာကို အရာရှိတွေတွေ့ခဲ့ပါတယ်။

သီချင်းပိတ်ပြီး မီးဖွင့်ဖို့ ဝန်ထမ်းတွေကို အရာရှိတွေက ညွှန်ကြားပြီးနောက် အရက်သောက်ခွင့်ပြုထားတဲ့အသက် ၂၀ ပြည့် မပြည့် စစ်ဆေးရာမှာ အငယ်ဆုံးအသက် ၁၆ နှစ်ရှိနေတဲ့လူငယ်တွေအပါအဝင် လူငယ် ၃၂၅ ယောက် အသက်မပြည့်သေးကြောင်းတွေ့ရပြီး အယောက် ၅၀ က အထောက်အထားတွေမပါလာဘူးလို့ အရာရှိတွေကပြောပြပါတယ်။

အရေးပေါ်တံခါး ၃ ပေါက်စလုံးကို ဆိုင်ကပိတ်ထားပြီး ပိုင်ရှင်ကို အသက် ၂၀ အောက်လူများကို ဝန်ဆောင်မှု၊ တရားဝင်ဆိုင်ဖွင့်ချိန်ထက်ကျော်လွန်ဖွင့်လှစ်မှု၊ လူငယ်များကို အရက်ရောင်းချမှုနဲ့ ဆက်စပ်ပြစ်မှုတွေနဲ့ စွဲချက်တင်ထားပါတယ်။

စီးနင်းမှုအပြီးမှာ ကလပ်လိုင်စင်ပြန်သိမ်းဖို့နဲ့ ၅ နှစ်ပိတ်ခိုင်းထားဖို့ ချင်းရိုင်အုပ်ချုပ်ရေးမှူးကို အဆိုပြုမယ်လို့လည်း အရာရှိတွေကပြောပါတယ်။

Source – Bangkok Post
#ဥက္ကာ #MeKongNews
Photo – Bangkok Post