Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ဖူးကတ်၊ စက်တင်ဘာ ၂

သောကြာနေ့မနက်ပိုင်း ဖူးကတ်ခရိုင်၊ သန်လန်မြို့မှာ နာရီပိုင်းမိုးကြီးခဲ့ပြီးနောက် ဖူးကတ်လေဆိပ်အပါအဝင် နေရာအများအပြားမှာ အကြီးအကျယ်ရေကြီးမှုတွေဖြစ်နေပါတယ်။

သောကြာနေ့မနက်အစောပိုင်းကစပြီး ရေတွေစဝင်လာတယ်လို့ ဖူးကတ်ခရိုင်သဘာဝဘေးကာကွယ်ရေးနှင့်သက်သာလျော့ပါးစေရေးအကြီးအကဲ အူဒုံဖွန် ကာကပြောပါတယ်။

ဆက်စကိုမိုင်ဓာတ်ဆီဆိုင်၊ မုံသန်လန်ကျောင်းနဲ့ ဖူးကတ်နိုင်ငံတကာလေဆိပ်တို့မှာ ရေကြီးမှုတွေဖြစ်နေတယ်လို့ ဒေသခံတွေကပြောတယ်လို့လည်း သူကပြောပါတယ်။

အဆိုးဆုံးနေရာတွေမှာ ရေက ခါးလောက်အထိရှိနေပြီး ကားအများအပြားရေထဲရောက်နေသလို တချို့ကားတွေဆိုရင် ကားခေါင်မိုးအထိရေမြုပ်နေတာတွေ့ရပါတယ်။

ရေကြီးနေတာကိုစုပ်ထုတ်ဖို့ အဖွဲ့တွေစေလွှတ်ထားတယ်လို့ အူဒုံဖွန်ကပြောပါတယ်။

တချို့နေရာတွေမှာရေပြန်ကျနေပြီလို့လည်း သူကပြောပါတယ်။

ဖူးကတ်အုပ်ချုပ်ရေးမှူး နာရောင် ဝန်ချူးက အရာရှိတွေနဲ့ ဒေသခေါင်းဆောင်တွေကိုဦးဆောင်ပြီး မိုးဆက်ရွာနေတဲ့မနက်ပိုင်းမှာ ရေမြုပ်နေတဲ့ဒေသတွေကိုသွားရောက်စစ်ဆေးခဲ့ပါတယ်။

Source – Bangkok Post
#ဥက္ကာ #MeKongNews
Photo – Bangkok Post