Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ဘန်ကောက်၊ ဩဂုတ် ၂၆

တာဝန်မှနုတ်ထွက်ရန် တောင်းဆိုမှုများရှ‌ိနေ‌သော်လည်း ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်ပြီးတာဝန်ထမ်းဆောင်မည်ဟု ပရာယွတ် ချန်အိုချာက ကြာသပတေးနေ့တွင်ပြောသည်။

ဗိုလ်ချုပ်ကြီး ပရာယွတ် ကြာသပတေးနေ့တွင် ရုံးမတက်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနသတင်းရင်းမြစ်များထံမှ သိရကြောင်း ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြသည်။

သို့သော် အွန်လိုင်းမှ ကာကွယ်ရေးကောင်စီအစည်းအဝေးပြုလုပ်ခဲ့ပြီး အစည်းအဝေးကို ကာကွယ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်၊ ကြည်း၊ ရေ၊ လေ တပ်ချုပ်များနှင့် အဆင့်မြင့်စစ်တပ်အရာရှိကြီးများတက်ရောက်ခဲ့သည်။

အစည်းအဝေးပြုလုပ်ခြင်းသည် သူ့ကို ရာထူးမှနုတ်ထွက်ရန် ဖိအားပေးနေခြင်းကို လျော့ပါးရန်ပြုလုပ်ခြင်းဟု ရှုမြင်နေကြသည်။

သူ့ကိုစိတ်မပူရန်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မည်ဟု ပရာယွတ်က အစည်းအဝေးတက်ရောက်သူများကိုပြောကြောင်း ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရသူ ကောင်ချိ တန်တရာဝါနစ်ခ်ျက ပြောသည်။

စာရွက်စာတမ်းများလက်မှတ်ထိုးရန်အတွက် အိမ်တွင်သာ အလုပ်လုပ်လိုပြီး အရေးကြီးသည့်ညှိနှိုင်းမှုများအတွက် ရုံးတက်မည်ဟု ပရာယွတ်ဧ။်အကြံပေးအဖွဲ့ကပြောသည်။

ဗုဒ္ဓဟူးနေ့တွင် ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ်မှ ရပ်နားကြောင်း ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက အမိန့်ချလိုက်သည်။

ထိုင်းဥပဒေအရ ဝန်ကြီးချုပ်သည် သက်တမ်းနှစ်ဆက် ၈ နှစ်သာ တာဝန်ထမ်းဆောင်နိုင်ပြီး ပရာယွတ်သည် အာဏာသိမ်းခဲ့သည့် ၂၀၁၄ ခုနှစ်၊ ဩဂုတ်ကစတင်ကာ ဝန်ကြီးချုပ်တာဝန်ယူထားသည်။

လက်ရှိတွက် ဒုတိယဝန်ကြီးချုပ် ပြည်ထဲရေးဝန်ကြီး ပရာဝတ် ဝမ်ဆူဝမ်က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည်။

မြေပိုင်ဆိုင်မှုအရှုပ်အ‌ထွေးရှိသည့်မြေကွက်တကွက်ကို လက်ခံထားသဖြင့် ပညာရေးဒုတိယဝန်ကြီးကိုလည်း ထိုင်းတရားရုံးချုပ်က သောကြာနေ့တွင် ရာထူးမှရပ်နားခဲ့သည်။

Source - Bangkok Post
#ဥက္ကာ #MeKongNews
Photo - Bangkok Post