Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ဘန်ကောက်၊ သြဂုတ် ၂၄

ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာကို တာဝန်ကရပ်ဆိုင်းရန် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဗုဒ္ဓဟူးနေ့တွင် အမိန့်ချလိုက်သည်။

တရားသူကြီးများမဲခွဲဆုံးဖြတ်ခဲ့ကြပြီး ၅ မဲ ၄ မဲဖြင့် တာဝန်မှရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်အဖြစ် ၈ နှစ်တာဝန်ထမ်းဆောင်မှုကို ဆုံးဖြတ်ချက်ချရန် စာတင်တောင်းဆိုခြင်းကို တရားရုံးက လက်ခံဆုံးဖြတ်ရန် သဘောတူခဲ့ပြီးနောက် တရားရုံးက အမိန့်ချခြင်းလည်းဖြစ်သည်။

တနင်္လာနေ့မှာ စာတင်တောင်းဆိုခြင်းကို ထိုင်းလွှတ်တော်က တရားရုံးကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်သည် သက်တမ်း ၂ ဆက်သာတာဝန်ထမ်းဆောင်ခွင့်ရှိသည်။

၂၀၁၄ ခုနှစ်၊ ထိုင်းအာဏာသိမ်းမှုကိုဦးဆောင်ခဲ့သည့် ပရာရွတ်သည် အာဏာသိမ်းစစ်ခေါင်းဆောင်အနေဖြင့် ဝန်ကြီးချုပ်အဖြစ် ၄ နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အရပ်သားအစိုးရအဖြစ်အသွင်ပြောင်းရာတွင်လည်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခြင်း ယခုလကုန်ပိုင်းတွင် နောက်ထပ်သက်တမ်းတဆက်ပြည့်တော့မည်ဖြစ်သည်။

ထို့ကြောင့် ပရာရွတ်ကို တာဝန်မှရပ်စဲရန် တောင်းဆိုမှုများရှိနေသည်။

သို့သော် ပရာရွတ်သည် လက်ရှိထိုင်းအရပ်သားအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ်သာမက ကာကွယ်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသဖြင့် ဝန်ကြီးချုပ်တာဝန်မှရပ်စဲခံရပါက ကာကွယ်ရေးဝန်ကြီးအဖြစ် အစိုးရအဖွဲ့အစည်းအဝေးများတက်ရောက်နိုင်သေးကြောင်း ထိုင်းအစိုးရဘက်က တုံ့ပြန်ထားသည်။

Source – Bangkok Post
#ဥက္ကာ #MeKongNews
Photo – Bangkok Post