Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ဘန်ကောက်၊ သြဂုတ် ၁၀

ဇန်နဝါရီလကစပြီး ဝတပ်ဖွဲ့အကျဉ်းချထားသည့် ထိုင်းရုပ်ရှင်ဒါရိုက်တာ၊ တိုက်ခိုက်ရေးသရုပ်ပြ အသက် ၄၀ အရွယ် ရာမိုင်း မော်ရီဖန်ကို အင်္ဂါနေ့တွင်ပြန်လွှတ်ပေးလိုက်သည်။

ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံသို့အလုပ်ကိစ္စနှင့် လာအိုနိုင်ငံကနေလာရောက်ခဲ့သည့် ရာမိုင်းကို မြန်မာအာဏာသိမ်းစစ်တပ်က ကနဦးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မြန်မာရုပ်ရှင်ရင်းနှီးမြှုပ်နှံသူတယောက်နှင့်တွေ့ဆုံရန် ရှမ်းပြည်နယ်ကို ရာမိုင်းနှင့်မိတ်ဆွေ ၂ ယောက်လာရောက်ခဲ့သည်။

ရင်းနှီးမြှုပ်နှံသူပေါ်မလာဘဲ သူတို့ကို ဖမ်းဆီးပြီး နောက်ပိုင်းတွင် ဝတပ်ဖွဲ့(UWSA)က သူတို့ကို အကျဉ်းချခဲ့သည်။

ရာမိုင်းနှင့်မိတ်ဆွေများက သူတို့ခေါင်းဆောင်ထံမှ ငွေလိမ်ပြီး မူးယစ်ဆေးများဝယ်ယူရန်လုပ်ခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း ဝတပ်ဖွဲ့ကပြောသည်။

ရာမိုင်းကို ပြန်ပေးဆွဲခဲ့ခြင်းမဟုတ်ဘဲ ကိုယ်ပိုင်ဆန္ဒဖြင့် ဝနယ်မြေအတွင်းဝင်လာကြောင်းလည်းပြောသည်။

ဖမ်းဆီးသည့်ဖြစ်ရပ်သည် မူးယစ်ဆေးကုန်ကူးခြင်းနှင့်ပတ်သက်နေခြင်းမရှိကြောင်းလည်း အသိပေးသည်။

တနင်္လာနေ့တွင် ရာမိုင်းကို အာဏာသိမ်းစစ်တပ်ထံလွှဲပေးခဲ့ပြီး အရာရှိများက စစ်ဆေးရာ ရာမိုင်းက သူခံစားနေရသည့်ရောဂါတခုအတွက် ဒေသကိုသွားခဲ့ကြောင်း ရာမိုင်းက ပြောသည်။

မူးယစ်ဆေးဂိုဏ်းများနှင့် သူနှင့်မပတ်သက်ကြောင်းလည်း ရာမိုင်းက မြန်မာစစ်တပ်ကိုပြောသည်။

ရာမိုင်းက တနင်္လာနေ့ညနေပိုင်းမှာ ချင်းမိုင်ပြန်ရောက်ခဲ့ပြီး သူ့မိခင်နှင့်တွေ့ဆုံနိုင်ခဲ့သည်။

သူ့ကို ထိုင်းအရာရှိများကလည်း ထပ်မံစစ်ဆေးရန်ရှိနေသည်။

Source – Thaiger၊ Bangkok Post
#ဥက္ကာ #MeKongNews
Photo – Thaiger