Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ဘန်ကောက်၊ သြဂုတ် ၉

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို အလေးပေးသည့်ဆုံးဖြတ်ချက်ကို ထိုင်းအကောက်ခွန်ဗဟိုတရားရုံးက ချမှတ်လိုက်ပြီး ၂၀၀၆ ခုနှစ်က ရှင်ကော်ပိုရေးရှင်းကရှယ်ယာရောင်းချမှုကြောင့် အခွန်ဘတ်သန်း ၁၇၀၀၀ ပေးရန် အကောက်ခွန်ဌာနဆုံးဖြတ်ချက်ကို ရုတ်သိမ်းပေးလိုက်သည်။

တနင်္လာနေ့မှာ တရားရုံးက ဆုံးဖြတ်ချက်ချလိုက်သည်။

ဇူလိုင် ၁၈ ရက်တွင် သက်ဆင်၏သားသမီးများဖြစ်သော ပန်သောင်တေးနှင့် ပင်တောင်တာတို့ကို အကောက်ခွန်စစ်ဆေးရန် ဌာနကဆင့်ခေါ်ခဲ့ခြင်းသည် ဥပဒေနှင့်မကိုက်ညီကြောင်း တရားရုံးကဆုံးဖြတ်ပြီး သူတို့သည် သက်ဆင်အတွက် ရှယ်ယာများကိုထိန်းသိမ်းပေးထားသည့် လက်ဝေခံတွေသာဖြစ်ကြောင်းလည်း ပြောသည်။

အကောက်ခွန်ဌာနက အကောက်ခွန်စစ်ဆေးရန် သက်ဆင်ကို ဆင့်ခေါ်သင့်သော်လည်း နောက်ဆုံးသတ်မှတ်ချိန်မတိုင်မီ မလုပ်နိုင်ခဲ့ကြောင်း တရားရုံးကပြောသည်။

ရှယ်ယာရောင်းချမှုကြောင့် ရှင်ကော်ပိုရေးရှင်းတွင် ရှယ်ယာပိုင်ဆိုင်မှုပြောင်းလဲသွားခြင်းမရှိဘဲ သက်ဆင်က ရှယ်ယာပိုင်ရှင်အဖြစ် ဆက်ရှိနေပြီး အကောက်ခွန်ဥပဒေအရ အခွန်ပေးဆောင်စရာမလိုကြောင်းလည်းပြောသည်။

ထို့ကြောင့် အကောက်ခွန်အရာရှိများနှင့် သက်ဆင်၏အယူခံကိုသုံးသပ်ရန်ဖွဲ့စည်းထားသည့်ကော်မတီက အခွန်စစ်ဆေးခဲ့ခြင်းသည် တရားဥပဒေနှင့်မညီကြောင်းလည်း အသိပေးသည်။

ထို့ကြောင့် ဘတ်သန်း ၁၇၆၀၀ အခွန်ပြန်ဆောင်ရန် ဌာနဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

သို့သော် အရာရှိများက သူတို့စီရင်ပိုင်ခွင့်ရှိသည့်အတိုင်း ဆောင်ရွက်ခဲ့ပြီး အကြွေးပြန်ပေးရန်လုပ်ခဲ့ခြင်းမဟုတ်လည်း ပြောသည်။

၂၀၁၇ ခုနှစ်၊ မတ်တွင် အခွန်သတိပေးစာတရားဝင်ထုတ်ပြန်ခဲ့ပြီး နောက်တလအကြာတွင် သက်ဆင်က အမိန့်ကို အယူခံဝင်ခဲ့သည်။

နောက်ပိုင်းတွင် အကောက်ခွန်ဌာနနှင့် ကော်မတီတို့ကို ဝန်ကြီးချုပ်ဟောင်းက အကောက်ခွန်ဗဟိုတရားရုံးတွင် တရားစွဲခဲ့သည်။

Source – Bangkok Post
#ဥက္ကာ #MeKongNews
Photo- Bangkok Post