Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ဘန်ကောက်၊ သြဂုတ် ၈

မကြာသေးမီက ချွန်ဘူရီခရိုင်၊ လမ်ချာဘန်းဆိပ်ကမ်းသို့ရောက်ရှိလာသည့် အမေရိကန်ထုတ် Stryker သံချပ်ကာလူသယ်ယာဉ် ၁၀ စီးကို ထိုင်းတော်ဝင်ကြည်းတပ်က လက်ခံလိုက်သည်။

အမေရိကန်ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီထံမှ ဝယ်ယူခဲ့သည့်ယာဉ်များသည် ဘတ်သန်း ၉၀၀ ခန့်တန်ဖိုးရှိသည်။

ထိုင်းတော်ဝင်ကြည်းတပ်တွင် အဆိုပါယာဉ်အစီး ၁၃၀ ရှိနေပြီး ၂၀၁၉၊ ၂၀၂၀ နှင့် ၂၀၂၁ ဘဏ္ဍာနှစ်များတွင် အစီး ၇၀၊ ၅၀ နှင့် ၁၀ စီးစီ အသီးသီးဝယ်ယူခဲ့သည်။

ဝယ်ယူမှုတွင် အပိုပစ္စည်းများ၊ ကိရိယာများနှင့် စမ်းသပ်ပစ္စည်းများသာမက လေ့ကျင့်မှုနှင့် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များအတွက်လည်း ပါဝင်သည်။

နောက်ဆုံးရောက်လာသည့်ယာဉ် ၁၀ စီးကို ဆာရာဘူရီခရိုင်ရှိ စစ်လက်နက်ပစ္စည်းဌာနသို့ပို့ဆောင်ပြီး ချာချိုအန်ဆောင်ခရိုင်မှ အမှတ် ၁၁ ခြေလျင်တပ်ရင်းထံမပို့ဆောင်မီ စနေ၊ တနင်္ဂနွေနေ့များတွင် စစ်ဆေးမှုပြုလုပ်ခဲ့သည်။

Source – Bangkok Post
#ဥက္ကာ #MeKongNews
Photo – Bangkok Post