Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ဘန်ကောက်၊ မတ် ၂၅

ဆေးခြောက်ပင်ကို ဆေးပင်ဖြစ်စိုက်ပျိုးထားသည့် ခွန်ကန်မှာ အမျိုးသမီး ၂ ဦးကို တနင်္ဂနွေနေ့ကဖမ်းဆီးပြီးနောက် ဆေးခြောက်ဥပဒေများကျင့်သုံးရာတွင် ပင်ကိုဉာဏ်ဖြင့်ကျင့်သုံးကြရန် ထိုင်းရဲများကို သတိပေးသည်။

ရဲများကို ထိုလုပ်ရပ်အတွက် ဝေဖန်မှုများရှိပြီးနောက် အမှတ် ၄ ခရိုင်ရဲမှူးကြီး ရဲဒုတိယဗိုလ်ချုပ်ကြီး ယန်နောင် ဝက်အိုဆော့က ဆေးဘက်ဝင်သည့်အနေဖြင့် ဆေးခြောက်စိုက်ပျိုးသုံးစွဲသူများကို ပြင်းပြင်းထန်ထန်အရေးမယူကြရန် ဒေသတွင်းရဲများကို သတိပေးသည်။

“ခွင့်ပြုချက်မရဘဲ ဆေးခြောက်စိုက်တယ်ဆိုရင်တောင် သံသယတရားခံတယောက်ကို သတိပေးပြီးမှ ဘာလို့တရားမဝင်လဲဆိုတာပြောပြသင့်တယ်” ဟု အမိန့်ကိုကိုးကားပြီး ဒေသရဲတပ်ဖွဲ့ရုံးပြောခွင့်ရသူ ရဲဗိုလ်ချုပ် ဖိုင်ဆန် လူဆွမ်ဘွန် ကပြောသည်။

ဆေးခြောက်ကို မူးယစ်ဆေးအနေဖြင့်သုံးစွဲခြင်းနှိမ်နှင်းရန်သာ ဥပဒေများကရည်ရွယ်ထားသဖြင့် ထိုရည်ရွယ်ချက်ဖြင့်သုံးစွဲခြင်းမဟုတ်သူများကို ချက်ချင်းဥပဒေအရ အရေးယူခြင်းထက် သတိပေးခြင်းသာလုပ်သင့်သည်ဟုလည်း ပြောခွင့်ရသူကပြောသည်။

ယခုဖမ်းဆီးမှုအပြီး ခွန်ကန်မှ အူဘွန်ရက်ရဲစခန်းအကြီးအကဲ ရဲမှူး ဒီရီကရစ် ပန်ရူအန်ဆန် က အမျိုးသမီးတွေများအိမ်ထံသွားခဲ့ပြီး မိဘများနှင့်သူတို့ကို အခြေအနေများရှင်းပြခဲ့သည်ဟုလည်း ရဲဗိုလ်ချုပ် ဖိုင်ဆန် ကပြောသည်။

အိမ်တွင် ဆေးခြောက်ပင်တပင်စီစိုက်ထားသဖြင့် တနင်္ဂနွေနေ့က အူဘွန်ရတ်ရဲစခန်း၏ ရဲထောက်လှမ်းရေးများက အသက် ၇၂ နှစ်ရှိ နန် မဟာဆီနာ နဲ့ အသက် ၄၈ နှစ်ရှိ ဘန်ဆန် ဆင်ဟိုကို ဖမ်းဆီးခဲ့သည်။

အာမခံဖြင့်ပြန်မလွှတ်ခင် သူတို့ကို အမှတ် ၅ မူးယစ်ဆေး (ဆေးခြောက်)ခွင့်ပြုချက်မရှိဘဲပိုင်ဆိုင်မှုဖြင့် စွဲချက်တင်ခဲ့သည်။

Source – Bangkok Post
#ဥက္ကာ #MeKongNews
Photo – Reuters