Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

မဲခေါင်၊ နိုဝင်ဘာ ၂၃

မြန်မာစစ်ကောင်စီဟာ အာဏာသိမ်းလိုက်လို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ များစွာထွက်ခွာသွားကြလို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဝင်ငွေ လျော့ကျရရှိခဲ့ပေမယ့် နိုင်ငံရင်းနှီးမြှုပ်နှံမှုမှာ အဓိကကျတဲ့ စွမ်းအင်ကဏ္ဍနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ငွေ ကန်ဒေါ်လာ ၃ ဒဿမ ၈ ဘီလီယံအထိ ရရှိခဲ့စားနိုင်ခဲ့တယ်လို့ လွတ်လပ်တဲ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအေဂျင်စီ - မြန်မာ (ISP – Myanmar) ရဲ့ ထုတ်ပြန်မှုမှာ ဖော်ပြပါရှိပါတယ်။


စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ်အောက်တိုဘာလအတွင်း စစ်ကောင်စီဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ငွေရင်းမြစ်တွေထဲက အဓိကရင်းမြစ်ဖြစ်တဲ့ စွမ်းအင်ကဏ္ဍကနေ ဝင်ငွေရဲ့ ၆၈ ရာခိုင်နှုန်းဖြစ်တဲ့ ဒီဝင်ငွေတွေကို ဆက်လက်ရရှိထုတ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

315519413 657241002708037 3268743729110872345 n

ဒီသတင်းရင်းမြစ်ကို ISP-Myanmar က စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံစွမ်းအင်ကဏ္ဍကနေ အင်အားကြီးပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး ၅ ခုဖြစ်တဲ့ ပြင်သစ်ရဲ့ Total၊ အမေရိကန်အခြေစိုက် Chevron၊ ဩစတြေးလျရဲ့ Woodside ၊ ဂျပန်ရဲ့ Mitsubishi နဲ့ မလေးရှားရဲ့ Petronas တို့ လုပ်ကွက်ကနေ ထွက်ခွာကြောင်းကြေညာခဲ့ကြပေမယ့် တရုတ်နဲ့ အိမ်နီးချင်းထိုင်းက ကုမ္ပဏီတွေဟာ ထွက်သွားတဲ့ကုမ္ပဏီတွေနေရာမှာ အစားဝင်ပြီး စစ်ကောင်စီနဲ့ပူးပေါင်းလို့ ဆက်လက်လည်ပတ်လုပ်ဆောင်နေခဲ့လို့ ဒီရင်းနှီးမြှုပ်နှံမှုဝင်ငွေတွေ ရရှိနေနိုင်ခဲ့တာ ဖြစ်ပါတယ်။

316728552 620575999848406 5698974848428851680 n

NUG အစိုးရရဲ့ အရင် စွမ်းအင်နှင့်လျှပ်စစ်ဝန်ကြီးဌာနဝန်ကြီး ဦးစိုးသူရထွန်းကတော့ ဆုံးရှုံးသွားတဲ့ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကို မပြ၊ ထည့်မတွက်ဘဲ ဝင်လာတဲ့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကိုသာ ပြသတာဖြစ်ကြောင်း၊ ဥပမာ ၁ ဘီလီယံဝင်ပြီး ၁ ဘီလီယံ ထွက်သွားတာမျိုးမှာ ထွက်သွားတဲ့ အရှုံး ၁ ဘီလီယံကို ထည့်မတွက်ဘဲ ရင်းနှီမြှုပ်နှံမှု သီးသန့်ကိုသာပြသတာဖြစ်လို့ သူတို့ပြောသလို အကျိုအမြတ်ရတာမဖြစ်နိုင်ဘူးလို့ သုံးသပ်ပြောဆိုပါတယ်။

313891401 1154444491839557 5895587397169383382 n

ဒီဇင်ဘာလကတည်းက နိုင်ငံခြားကုမ္ပဏီကြီးတွေ စွမ်းအင်လုပ်ကွက်က ထွက်သွားကြပေမယ့် ထိုင်းရဲ့ PTTEP ၊ တောင်ကိုရီးယားရဲ့ POSCO ၊ အိန္ဒိယအခြေစိုက် ONGC ၊ ဂျပန်ရဲ့ Nippon Oil နဲ့ တရုတ်အစိုးရပိုင် CNPC တို့က လုပ်ကွက်တွေကို ဆက်လက်လုပ်ကိုင်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်နေကြတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အနာဂတ်မှာ ရုရှားက မြန်မာစွမ်းအင်ထုတ်လုပ်ရေးမှာ ခြားနားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာဖို့ရှိတယ်လို့ မေလကပြောခဲ့ဖူးတဲ့အတွက် စစ်ကောက်စီသက်ဆိုးရှည်စေမယ့် အဓိက စွမ်အင်ရင်းနှီးမြှုပ်နှံမှုထောက်တိုင်တွေဟာ ထိုင်း၊ တရုတ်၊ ရုရှားနဲ့ အာဆီယံနိုင်ငံတွေဖြစ်နေတယ်လို့ သုံးသပ်ပြီး စစ်ကောင်စီကို သွေးစွန်းတဲ့ငွေ ထောက်ပံ့မှုရပ်တန့်စေဖို့ Blood Money Campaign ကိုလည်း တက်ကြွလှုပ်ရှားသူတွေက လုပ်ဆောင်နေကြပါတယ်။

မြန်မာ့ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE ရဲ့ ပျမ်းမျှ တစ်နှစ် ဝင်ငွေဟာ ဒေါ်လာ ၁ . ၅ ဘီလီယံရှိပြီး နိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းရှိနေပါတယ်။

ထိုင်းအစိုးရပိုင် PTTEP ဟာ ၂၀၁၄ ခုနှစ်က မြန်မာ့စွမ်းအင်လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို ချုပ်ဆိုပြီး ဒေါ်လာ ၇၂ ဘီလီယံတန် စီမံကိန်းတွေကို လုပ်ဆောင်နေခဲ့ပါတယ်။

MKF - 001
#MeKongNews
Ref:RFA