Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

စင်ကာပူ၊ နိုဝင်ဘာ ၂၁

နှိပ်စက်ရာမှာပါဝင်ကြောင်း စွဲချက်ပေါင်းများစွာရင်ဆိုင်နေရတဲ့ အိမ်အကူ ဦးနှောက်ထိခိုက်မှုနဲ့သေဆုံးတဲ့အထိ နှိပ်စက်ခဲ့တဲ့ စင်ကာပူနိုင်ငံသူရဲ့မိခင်က တနင်္လာနေ့မှာ ဝန်ခံခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသူ Piang Ngaih Don ဟာ ၁၄ လကြာအောင် ဆက်တိုက်နှိပ်စက်ခံခဲ့ရပြီးနောက် ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၆ ရက်မှာ ဦးနှောက်ထိခိုက်မှုနဲ့ သေဆုံးခဲ့ပါတယ်။

သူ့ကို ထိုးကြိတ်တာ၊ ကန်ကျောက်တာနဲ့ ကိုယ်အလေးချိန်ပေါင် ၅၀ ကျော်သာကျန်သည်အထိ အစာအငတ်ထားတာတို့ပြုလုပ်ခဲ့ပြီး မသေဆုံးခင်နေ့ရက်တွေမှာ ညဘက်တိုင်း ပြတင်းပေါက်သံတိုင်မှာချည်ထားတာ၊ အမှိုက်ပုံးထဲပစ်ထားတဲ့ စားကြွင်းစားကျန်တွေသွားရှာစားရင် ထပ်မံရိုက်နှက်တာတို့တွေလည်း ရှိခဲ့ပါတယ်။

တနင်္လာနေ့မှာ အသက် ၆၄ နှစ်ရှိ ပရီမာ အက်စ် နာရေနာဆာမိုင်က အိမ်အကူတယောက်ကို ရည်ရွယ်ချက်ရှိရှိ နှိပ်စက်တာတွေပါဝင်တဲ့ စွဲချက် ၄၈ မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

သူ့ရဲ့နှိပ်စက်တဲ့လုပ်ရပ်တွေထဲမှာ အိမ်အကူကို ရေနဲ့လောင်းချတာ၊ ကန်ကျောက်၊ ထိုးကြိတ်၊ ပါးရိုက်တာ၊ လည်ပင်းညှစ်တာ၊ ဆံပင်ဆောင့်ဆွဲပြီး ခေါင်းကို ခါယမ်းပစ်တာတွေ ပါဝင်ပါတယ်။

ယောင်းမ၊ မျက်နှာသုတ်ပုဝါနဲ့ ဆပ်ပြာမှုန့်ဘူးတွေနဲ့ ရိုက်တာ၊ ရေချိုးခန်းသုံးနေတာကို ထိုင်ကြည့်နေတာတို့လည်း ပြုလုပ်ခဲ့ပါတယ်။

ပရီမာမှာ ကိုယ်ပိုင်တိုက်ခန်းရှိပေမဲ့ တပတ်မှာ ၃ ကြိမ်လောက် သမီးဖြစ်သူနဲ့လာရောက်နေထိုင်ပြီး နေထိုင်ချိန်မှာ အိမ်အကူဖြစ်သူနဲ့ တခန်းထဲနေထိုင်တာပါ။

ပြတင်းပေါက်သံတိုင်နဲ့ အိမ်အကူကိုတွဲချည်ထားတာ၊ လူကိုညှင်းပန်းနှိပ်စက်ထားတာတွေကို သိနေတာပါ။

သူ့သမီးဖြစ်သူက အိမ်အကူကိုနှိပ်စက်နေတာသိတဲ့အခါ သူ့သမီးဖြစ်သူနဲ့ရော၊ သူကိုယ်တိုင်ရော နှိပ်စက်ခဲ့ပါသေးတယ်။

အိမ်အကူရဲ့ခြေထောက်တွေ ရောင်ရမ်းလာတာ၊ ကိုယ်အလေးချိန် အများအပြားကျဆင်းလာတာတို့ကိုလည်း သတိထားမိခဲ့ပြီး နဖူးမှာမီးလောင်ရာနဲ့ ခန္ဓာကိုယ်ပေါ်မှာ ပွန်းပဲ့ရာတွေရှိလာတာကိုလည်း သတိပြုမိခဲ့ပါတယ်။

အိမ်အကူနဲ့ကလေးတွေကိုစောင့်ကြည့်ဖို့ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာကနေမြင်တွေ့ရတာက မသေဆုံးခင် ၃၅ ရက်အတွင်း ညှင်းပန်းနှိပ်စက်ခဲ့တဲ့မြင်ကွင်းတွေ ဖြစ်ပါတယ်။

ရုပ်သံဖိုင်တခုမှာ ပရီမာဟာ အိမ်အကူက ခေါင်းငုံ့ပြီးရေချိုးခန်းအသုံးပြုနေတုန်း ခေါင်းကို အဝတ်စနဲ့ရိုက်နှက်နေတာ မြင်ရပါတယ်။

အိမ်အကူသေဆုံးတာနဲ့ ပရီမာနဲ့ သမီးဖြစ်သူ ဂိုင်ယာသီရီ မူရူဂါယန် တို့ကို ရဲတွေက ဖမ်းဆီးထားပြီး ၄၉ ခုမြောက်စွဲချက်ကိုကြားနားနေရတဲ့ ပရီမာက အပြစ်ဝန်ခံမှုကို နောက်ဆုံးစွဲချက်ကြားနာမှုမပြီးဆုံးသေးခင် မပြုလုပ်ဖို့ကြိုးစားခဲ့ပေမဲ့ တရားသူကြီးတွေက ငြင်းဆန်ခဲ့ပါတယ်။

ဂိုင်ယာသီရီကိုလည်း ၂၀၂၁ ခုနှစ်မှာ ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့ပြီး ထောင်ဒဏ်တဝက်လျှော့ချပေးဖို့ အယူခံတင်တာကိုလည်း အထက်တရားရုံးက ပယ်ချခဲ့ပါတယ်။

Source - CNA
#ဥက္ကာ #MeKongNews
Photo - Facebook/Helping Hands for Migrant Workers, Singapore