Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ဘန်ကောက်၊ စက်တင်ဘာ ၂၂

မူးယစ်ဆေးကုန်ကူးမှုသံသယနဲ့ ဖမ်းဆီးခံရတဲ့အထဲပါဝင်နေတဲ့ မြန်မာစီးပွားဖက် ထွန်းမင်းလတ်ဟာ မူးယစ်ဆေးကုန်ကူးမှုနဲ့ပတ်သက်ခြင်းမရှိဘူးလို့ ထိုင်းအထက်လွှတ်တော်အမတ် အပါကစ် ပါချာရီယန်ကွန်က ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက်မှာ မူးယစ်ဆေးသံသယတရားခံတွေကို ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့က နေရာ ၅ နေရာမှာဖမ်းဆီးခဲ့ပြီးနောက် သူက အခုမှတ်ချက်ပြုခဲ့တာပါ။

အမှုအသေးစိတ်အချက်အလက်တွေကို လေ့လာဖို့လိုပြီး သောကြာနေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်မယ်လို့လည်း အပါကစ်ကပြောပါတယ်။

နယ်စပ်မှာ သူနဲ့ ထွန်းမင်းလတ်တို့ စီးပွားရေးတွဲလုပ်နေတာတွေရှိပေမဲ့ မြန်မာနိုင်ငံသားဟာ မူးယစ်ဆေးကုန်ကူးရာမှာမပါဝင်ဘူးလို့ ယုံကြည်တယ်လို့လည်း သူကပြောပါတယ်။

သူဟိုတယ်လုပ်ငန်းတခုလုပ်ကိုင်ခဲ့ပြီး ထိုင်းအမျိုးသားအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ဆီ အဲဒီလုပ်ငန်းအကြောင်းအစီရင်ခံထားပေမဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်း ဟိုတယ်လုပ်ငန်းရပ်ဆိုင်းခဲ့ကြောင်းလည်း အပါကစ်ကပြောပါတယ်။

ထွန်းမင်းလတ်ဟာ အစ္စရေးကလက်နက်တွေကို ရောင်းဝယ်ပေးသူတယောက်ဖြစ်နေပြီး မြန်မာအစိုးရအတွက် အပေးအယူလုပ်တဲ့လုပ်ငန်းကို ကိုယ်စားလှယ်လုပ်ပေးနေတယ်လို့လည်း လွှတ်တော်အမတ်ကပြောပါတယ်။

ဘာသာရေးယုံကြည်ချက်နဲ့မကိုက်ညီတဲ့အတွက် လက်နက်လုပ်ငန်းမှာတော့ ပါဝင်ခြင်းမရှိဘူးလို့လည်း သူကငြင်းဆိုပါတယ်။

Source – The Nation
#ဥက္ကာ #MeKongNews
Photo – The Nation