Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ဒါကာ၊ စက်တင်ဘာ ၁၇

မြန်မာဘက်ကပစ်ခတ်လိုက်တဲ့ မော်တာကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှာခိုလှုံနေတဲ့ အသက် ၁၅ နှစ်အရွယ်ရိုဟင်ဂျာလူငယ် ၁ ယောက်သေဆုံးခဲ့ပြီး နောက်ထပ်အနည်းဆုံး ၆ ယောက်ဒဏ်ရာရခဲ့တယ်လို့ အရာရှိတွေနဲ့ ရိုဟင်ဂျာခေါင်းဆောင်တယောက်ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကစခန်းတွေမှာခိုလှုံနေတဲ့ရိုဟင်ဂျာ ၁ သန်းကျော်လောက်ရှိပြီး မြန်မာစစ်တပ်နဲ့ အာရကန်တပ်မတော်(အေအေ)တို့တိုက်ပွဲတွေကြား ညပ်နေကြတာဖြစ်ပါတယ်။

သောကြာနေ့မှာ ဆယ်ကျော်သက်လူငယ်သေဆုံးခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်က ရိုဟင်ဂျာ ၄၀၀၀ လောက်နေထိုင်တဲ့ပြန်လမ်းမဲ့ကျွန်းက ရိုဟင်ဂျာခေါင်းဆောင် ဒေးလ် မိုဟာမက်ကပြောပါတယ်။

“ဒီမှာ တထိပ်ထိပ်နဲ့နေနေရတာ။ အချိန်မရွေးကပ်ဆိုက်နိုင်တယ်” လို့ မိုဟာမက်က ပြောပါတယ်။

မြန်မာဘက်က ပစ်ခတ်မှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိတယောက်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့အရာရှိတယောက်ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်မြေထဲလက်နက်ကြီးကျည်တွေကျတာ၊ ခွဲခြားမှုမရှိတဲ့လေကြောင်းကပစ်ခတ်တာ၊ မြန်မာနယ်စပ်ဘက်ကနေပစ်ခတ်မှုတွေဖြစ်နေတာနဲ့ လေကြောင်းပိုင်နက်ကျူးကျော်မှုတွေအတွက် ပြင်းပြင်းထန်ထန်စိုးရိမ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်က အခုလမှာ ထုတ်ပြန်ထားပါတယ်။

အဲဒီစိုးရိမ်မှုတွေသိအောင် စစ်ကောင်စီလက်အောက်ခံဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးကို အခုလထဲမှာတင် ၃ ကြိမ်ဆင့်ခေါ်သတိပေးထားပါတယ်။

Source – Reuters
#ဥက္ကာ #MeKongNews
Photo – Reuters