Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဖနွမ်းပင်၊ စက်တင်ဘာ ၂၅

လာအိုရဲတွေက နိုင်ငံရဲ့တတိယအများဆုံးအနေနဲ့ မက်သာဖက်တမင်းစိတ်ကြွမူးယစ်ဆေး ၃၃ သန်းကို သိမ်းဆည်းရမိခဲ့တယ်လို့ ကုလသမဂ္ဂအရာရှိတယောက်က စနေနေ့မှာပြောပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဘန်ကောက်၊ စက်တင်ဘာ ၂၂

မူးယစ်ဆေးကုန်ကူးမှုသံသယနဲ့ ဖမ်းဆီးခံရတဲ့အထဲပါဝင်နေတဲ့ မြန်မာစီးပွားဖက် ထွန်းမင်းလတ်ဟာ မူးယစ်ဆေးကုန်ကူးမှုနဲ့ပတ်သက်ခြင်းမရှိဘူးလို့ ထိုင်းအထက်လွှတ်တော်အမတ် အပါကစ် ပါချာရီယန်ကွန်က ပြောပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ချင်းမိုင်၊ စက်တင်ဘာ ၂၁

မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နယ်ကနေ မူးယစ်ဆေးဝါးအသစ်တမျိုးမှောင်ခိုသွင်းနေတာကိုကာကွယ်ဖို့ မယ်ဆိုင်မြို့အပါအဝင် ထိုင်းမြောက်ပိုင်းချင်းရိုင်ခရိုင်က ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာတပ်စွဲထားတဲ့ထိုင်းစစ်တပ်က နယ်စပ်စောင့်ကြည့်မှုအရှိန်မြှင့်တင်နေပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဂျီနီဗာ၊ စက်တင်ဘာ ၁၇

မြန်မာနိုင်ငံသားတွေကိုဖိနှိပ်နေပြီး အကြမ်းဖက်နေတဲ့ မြန်မာစစ်တပ်အတွက် ဝင်ငွေရလမ်းတွေကိုဖြစ်မလာအောင်တားဆီးဖို့နဲ့ လက်နက်တွေမရောက်ဖို့ ကမ္ဘာ့နိုင်ငံတွေပိုလုပ်သင့်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက သောကြာနေ့မှာပြောပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဒါကာ၊ စက်တင်ဘာ ၁၇

မြန်မာဘက်ကပစ်ခတ်လိုက်တဲ့ မော်တာကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှာခိုလှုံနေတဲ့ အသက် ၁၅ နှစ်အရွယ်ရိုဟင်ဂျာလူငယ် ၁ ယောက်သေဆုံးခဲ့ပြီး နောက်ထပ်အနည်းဆုံး ၆ ယောက်ဒဏ်ရာရခဲ့တယ်လို့ အရာရှိတွေနဲ့ ရိုဟင်ဂျာခေါင်းဆောင်တယောက်ကပြောပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဘန်ကောက်၊ စက်တင်ဘာ ၇

အင်္ဂါနေ့မနက်အစောပိုင်းက ခရာဘီခရိုင်၊ ခေါက်ဖနွမ်မြို့မှာ ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး ကျောင်းသားလူငယ် ၃ ယောက်ကိုပစ်သတ်မှုနဲ့ ဆိုင်ကယ်တွေမီးရှို့မှုဖြစ်ခဲ့ပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ချင်းရိုင်၊ စက်တင်ဘာ ၃

စနေနေ့မနက်အစောပိုင်းမှာ ချင်းရိုင်ခရိုင်အာဏာပိုင်တွေက လူသိများတဲ့ကလပ်တခုကိုဝင်ရောက်စီးနင်းစစ်ဆေးချိန်မှာ ကလပ်ကနေအပြင်ထွက်မယ့် အရေးပေါ်ထွက်ပေါက်တွေကို ပိတ်ထားပြီး အသက်မပြည့်သေးတဲ့လူငယ် ၃၀၀ ကျော် တွေ့ခဲ့ရပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဘန်ကောက်၊ စက်တင်ဘာ ၃

၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရိုဟင်ဂျာရွှေ့ပြောင်းအခြေချသူဒါဇင်ချီသေဆုံးခဲ့တဲ့ လူကုန်ကူးမှုတွေမှာပါဝင်တယ်ဆိုတဲ့ သံသယတရားခံ ၂ ယောက်ကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဖူးကတ်၊ စက်တင်ဘာ ၂

သောကြာနေ့မနက်ပိုင်း ဖူးကတ်ခရိုင်၊ သန်လန်မြို့မှာ နာရီပိုင်းမိုးကြီးခဲ့ပြီးနောက် ဖူးကတ်လေဆိပ်အပါအဝင် နေရာအများအပြားမှာ အကြီးအကျယ်ရေကြီးမှုတွေဖြစ်နေပါတယ်။

သောကြာနေ့မနက်အစောပိုင်းကစပြီး ရေတွေစဝင်လာတယ်လို့ ဖူးကတ်ခရိုင်သဘာဝဘေးကာကွယ်ရေးနှင့်သက်သာလျော့ပါးစေရေးအကြီးအကဲ အူဒုံဖွန် ကာကပြောပါတယ်။

ဆက်စကိုမိုင်ဓာတ်ဆီဆိုင်၊ မုံသန်လန်ကျောင်းနဲ့ ဖူးကတ်နိုင်ငံတကာလေဆိပ်တို့မှာ ရေကြီးမှုတွေဖြစ်နေတယ်လို့ ဒေသခံတွေကပြောတယ်လို့လည်း သူကပြောပါတယ်။

အဆိုးဆုံးနေရာတွေမှာ ရေက ခါးလောက်အထိရှိနေပြီး ကားအများအပြားရေထဲရောက်နေသလို တချို့ကားတွေဆိုရင် ကားခေါင်မိုးအထိရေမြုပ်နေတာတွေ့ရပါတယ်။

ရေကြီးနေတာကိုစုပ်ထုတ်ဖို့ အဖွဲ့တွေစေလွှတ်ထားတယ်လို့ အူဒုံဖွန်ကပြောပါတယ်။

တချို့နေရာတွေမှာရေပြန်ကျနေပြီလို့လည်း သူကပြောပါတယ်။

ဖူးကတ်အုပ်ချုပ်ရေးမှူး နာရောင် ဝန်ချူးက အရာရှိတွေနဲ့ ဒေသခေါင်းဆောင်တွေကိုဦးဆောင်ပြီး မိုးဆက်ရွာနေတဲ့မနက်ပိုင်းမှာ ရေမြုပ်နေတဲ့ဒေသတွေကိုသွားရောက်စစ်ဆေးခဲ့ပါတယ်။

Source – Bangkok Post
#ဥက္ကာ #MeKongNews
Photo – Bangkok Post

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဖူးကတ်၊ စက်တင်ဘာ ၁

အမျိုးသမီးငယ်တယောက် ဆံပင်တွေကျွတ်ကုန်ခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂ ကြိမ်၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့် နောက်ထပ်အကြောင်းရင်းတခုကြောင့်ဖြစ်နိုင်ခြင်းရှိ၊ မရှိ ထိုင်းဆရာဝန်များဆုံးဖြတ်နိုင်ရန်ကြိုးစားနေသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ကန်ချနာဘူရီ၊ သြဂုတ် ၂၉

တနင်္ဂနွေနေ့အစောပိုင်းတွင် ထိုင်းနိုင်ငံအနောက်ပိုင်းနယ်စပ်ခရိုင်ကန်ချနာဘူရီခရိုင်က အဝေးပြေးလမ်းမပေါ်၌ ကားမှောက်ခဲ့ပြီး တရားမဝင်မြန်မာနိုင်ငံသား ၄ ယောက်သေဆုံးပြီး နောက်ထပ် ၉ ယောက်ဒဏ်ရာရခဲ့သည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဒါကာ၊ သြဂုတ် ၂၉

တနင်္ဂနွေနေ့နေ့လည်ပိုင်းက ဘင်္ဂလားဒေ့ရှ်ပိုင်နက်သို့ မြန်မာဘက်မှ မော်တာကျည် ၂ လုံးကျလာသဖြင့် အလားတူဖြစ်ရပ်များထပ်ဖြစ်မလာရန် မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ကြောင်းပြောသွားမည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်ကပြောသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဘန်ကောက်၊ သြဂုတ် ၂၇

၁၄ နှစ်အတွင်းစံချိန်တင်မြင့်တက်နေသည့် ငွေကြေးဖောင်းပွမှုကို လုပ်သားများခြုံငုံမိစေရန် ကူညီနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီကစတင်ပြီးမလှုပ်မရှားဖြစ်နေသည့် ထိုင်းနိုင်ငံ၏ နေ့စဉ်အနိမ့်ဆုံးလုပ်ခလစာကို လာမည့်အောက်တိုဘာ ၁ ရက်ကစတင်ပြီး ၅ ရာခိုင်နှုန်းတိုးမြှင့်ပေးရန်ရှိနေသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဘန်ကောက်၊ သြဂုတ် ၂၇

နှစ်စဉ်စစ်တပ်နှင့်ရဲရာထူးအပြောင်းအလဲများတွင် ဝန်ကြီးချုပ်အဖြစ်မှရပ်ဆိုင်းခံလိုက်ရသည့် ပရာယွတ် ချန်အိုချာ၏ဦးဆောင်မှုကို ခေတ္တဝန်ကြီးချုပ် ပရာဝတ် ဝမ်ဆူဝမ်က လိုက်နာရန်ရှိနေပြီး ဗိုလ်ချုပ်ကြီး ပရာယွတ်ပြင်ဆင်ထားသည့်စာရင်းကို ဝင်ရောက်စွက်ဖက်မှုမှရှောင်ရှားမည်ဟု ထိုင်းအစိုးရသတင်းရင်းမြစ်တယောက်ကပြောသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဘန်ကောက်၊ ဩဂုတ် ၂၆

တာဝန်မှနုတ်ထွက်ရန် တောင်းဆိုမှုများရှ‌ိနေ‌သော်လည်း ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်ပြီးတာဝန်ထမ်းဆောင်မည်ဟု ပရာယွတ် ချန်အိုချာက ကြာသပတေးနေ့တွင်ပြောသည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဘန်ကောက်၊ သြဂုတ် ၂၄

ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာကို တာဝန်ကရပ်ဆိုင်းရန် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဗုဒ္ဓဟူးနေ့တွင် အမိန့်ချလိုက်သည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဘန်ကောက်၊ သြဂုတ် ၁၀

ဇန်နဝါရီလကစပြီး ဝတပ်ဖွဲ့အကျဉ်းချထားသည့် ထိုင်းရုပ်ရှင်ဒါရိုက်တာ၊ တိုက်ခိုက်ရေးသရုပ်ပြ အသက် ၄၀ အရွယ် ရာမိုင်း မော်ရီဖန်ကို အင်္ဂါနေ့တွင်ပြန်လွှတ်ပေးလိုက်သည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဘန်ကောက်၊ သြဂုတ် ၉

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို အလေးပေးသည့်ဆုံးဖြတ်ချက်ကို ထိုင်းအကောက်ခွန်ဗဟိုတရားရုံးက ချမှတ်လိုက်ပြီး ၂၀၀၆ ခုနှစ်က ရှင်ကော်ပိုရေးရှင်းကရှယ်ယာရောင်းချမှုကြောင့် အခွန်ဘတ်သန်း ၁၇၀၀၀ ပေးရန် အကောက်ခွန်ဌာနဆုံးဖြတ်ချက်ကို ရုတ်သိမ်းပေးလိုက်သည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဘန်ကောက်၊ သြဂုတ် ၈

မကြာသေးမီက ချွန်ဘူရီခရိုင်၊ လမ်ချာဘန်းဆိပ်ကမ်းသို့ရောက်ရှိလာသည့် အမေရိကန်ထုတ် Stryker သံချပ်ကာလူသယ်ယာဉ် ၁၀ စီးကို ထိုင်းတော်ဝင်ကြည်းတပ်က လက်ခံလိုက်သည်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

ဘန်ကောက်၊ မတ် ၂၅

ဆေးခြောက်ပင်ကို ဆေးပင်ဖြစ်စိုက်ပျိုးထားသည့် ခွန်ကန်မှာ အမျိုးသမီး ၂ ဦးကို တနင်္ဂနွေနေ့ကဖမ်းဆီးပြီးနောက် ဆေးခြောက်ဥပဒေများကျင့်သုံးရာတွင် ပင်ကိုဉာဏ်ဖြင့်ကျင့်သုံးကြရန် ထိုင်းရဲများကို သတိပေးသည်။