User Rating: 5 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Active
 

တောင်ကြီး၊ အောက်တိုဘာ ၁၆

တောင်ကြီးမြို့တွင် အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် အရက်သေစာသောက်စားခြင်းနှင့် မူးယစ်ရမ်းကားခြင်းများကို အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့အတွင်း အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အရက်သောက်ခြင်း၊ မူယစ်ရမ်းကားခြင်းနှင့် စိတ်အနှောက်အယှက်ဖြစ်ပေါ်စေသော အပြောအဆိုများ ပြုလုပ်ပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံးက ဒေသန္တရအမိန့် ၆/၂၀၂၀ ဖြင့် ယနေ့(အောက်တိုဘာ ၁၅ ရက်)တွင် ထုတ်ပြန်ထားလိုက်ခြင်း ဖြစ်သည်။

တောင်ကြီးမြို့တွင် အများပြည်သူနှင့် သက်ဆိုင်သောနေရာများဖြစ်သော ဆေးရုံ၊ ပန်းခြံ၊ ကစားကွင်း၊ စာသင်ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦအနီးပတ်ဝန်းကျင်များတွင် သောက်စားမူးယစ်ခြင်းများ မပြုလုပ်ရန် တားမြစ်လိုက်ကြောင်း သိရသည်။

တောင်ကြီးမြို့ရှိ အများပြည်သူနှင့်သက်ဆိုင်သောနေရာများသည် ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာမီးပုံးပျံကွင်း၊ ကန်ရှေ့ရပ်ကွက်ရှိ ကုန်သည်လမ်းနှင့် မြကန်သာလမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၏ အရှေ့ဘက် ဆိုင်ကယ်ရပ်နားရန်နေရာ၊ ရေအေးကွင်းရပ်ကွက်ရှိ K&K စတိုး ဆိုင်ရှေ့ မြေကွက်လပ်နှင့် မြစိမ်းတောင်ဘုရား အတက်လမ်း၊ မင်္ဂလာဦးရပ်ကွက် ဗိုလ်ချုပ်အာင်ဆန်းလမ်းရှိ မြင်းရုပ်ပရ၀ဏ်(အတွင်း)၊ သစ်တောရပ်ကွက်ရှိ အိမ်တော်ထင်းရှူး၀င်းအတွင်းနှင့် အိမ်တော်လမ်းလမ်းဆုံတြိဂံနေရာ၊ ဗိုလ်ချုပ်ပန်းခြံပရဝုဏ်အတွင်း၊ စူလာမုနိလောက ချမ်းသာစေတီတော်နှင့် တောင်ကြီးဂေါက်ကလပ်ဘက်လမ်းဆုံနေရာ၊ စဝ်စံထွန်းရပ်ကွက်ရှိ ရှုခင်းသာပန်းခြံနှင့်ကြိုးတံတားအနီးပတ်ဝန်းကျင်၊ မြို့မစျေးအနီးပတ်၀န်းကျင်၊ ချမ်းမြသာစည်ရပ်ကွက်စတု ဘုံမိကာ ဘုန်းတော်ကြီးကျောင်းပတ်၀န်းကျင်နေရာနှင့် ကံကြီးရပ်ကွက်ရှိ ဖူဆယ်ဘောလုံးကွင်း အနီးပတ်၀န်း ကျင်နေရာများဖြစ်ကြောင်း တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

စိုင်းရာဇာ
#MeKongNews