Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မဲခေါင်၊ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်‌ မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ဒီကနေ့ စက်တင်ဘာ ၂၈ ရက်မှာ စစ်ရေး တင်းမာနေလို့ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မဲခေါင်၊ စက်တင်ဘာ ၂၈

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက စံချိန်တင် မြင့်တက်ခဲ့တဲ့ ရွှေ၊ ဒေါ်လာနဲ့ စက်သုံးဆီဈေးနှုန်းတွေ စက်တင်ဘာလမှာ ပြန်လည် ကျဆင်းပြီး မြန်မာကျပ်ငွေ တန်ဖိုးပြန်တက်လာပေမယ့် စားသောက်ကုန်နဲ့ လူသုံးကုန်ဈေးနှုန်းများ ကျဆင်းမှု မရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မဲခေါင်၊ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ် တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ အရာရှိ တစ်ဦး ဈေးဝယ်ထွက်စဉ် ပစ်သတ်ခံပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မဲခေါင်၊ စက်တင်ဘာ ၂၈

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းမှာ ယမန်နေ့ မနက်ပိုင်းက ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီးနောက် ညပိုင်းမှာ တိုက်ခန်းများ အတွင်း စစ်ကောင်စီတပ်များ ဝင်ရောက် စစ်ဆေးကာ အမျိုးသား သုံးဦးနဲ့ ပြိုင်ကား တစ်စီးကို ဖမ်းဆီးခဲ့ပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မဲခေါင်၊ စက်တင်ဘာ ၂၈

BBC Media Action ရဲ့ ထုတ်လုပ်ရေးမှူးဖြစ်သူ မထက်ထက်ခိုင်ကို အင်းစိန်ထောင် အထူးတရားရုံးက စက်တင်ဘာ ၂၇ ရက်နေ့က ထောင်ဒဏ် ၃ နှစ် ထပ်မံ အမိန့်ချခဲ့ပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မဲခေါင်၊ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ မိုင်းကောင်ကျေးရွာ အုပ်စု အနီးမှာ ကုမ္ပဏီ‌တွေ ကျောက်မီးသွေး တူးဖော်ဖို့ အတွက် ယခုလ အတွင်း စက်ယန္တယားတွေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ လာရောက်ပို့ဆောင် စုပုံနေတဲ့အတွက် စိုက်ပျိုးမြေတွေ ပျက်စီးမှာကို ဒေသခံများ စိုးရိမ်နေကြောင်း သိရပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မဲခေါင်၊ စက်တင်ဘာ ၂၈

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ ကြက်ဝိုင်း၊ ဖဲဝိုင်းတွေ ထောင်ပြီး လောင်းကစား ပြုလုပ်နေမှုကို ရဲစခန်းမှူးထံ တိုင်ကြားပေမယ့် အရေးမယူဘူးလို့ ဒေသခံတွေထံကနေ သိရပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မဲခေါင်၊ စက်တင်ဘာ ၂၈

ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အကြောင်းပြပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နေပြည်တော်ကို အကြိမ်ကြိမ်ခေါ်တွေ့နေပမယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်ပဲပေးမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မဲခေါင်၊ စက်တင်ဘာ ၂၈

စစ်ကောင်စီတပ်တွေ လုံခြုံရေး ယူထားတဲ့ ရန်ကုန်၊ လှိုင်မြို့နယ်၊ ဘူတာရုံလမ်းမှာရှိတဲ့ လျှပ်စစ်ရုံး ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က ဗုံးပစ် တိုက်ခိုက်ခံရလို့ ထိခိုက်သူတွေ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မဲခေါင်၊ စက်တင်ဘာ ၂၈

စစ်ကောင်စီတပ် အတွင်းက သတင်းအချက်အလက်တွေ ပေါက်ကြားနေမှုဟာ ယခင် သမ္မတဦးသိန်းစိန် လက်ထက် ပြန်ကြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးရဲထွဋ် လက်ချက် ဖြစ်တယ်လို့ စစ်ကောင်စီ လော်ဘီ ဟန်ငြိမ်းဦးတယ်လီဂရမ်ချန်နယ်က ဒီမနက်ဖော်ပြထားပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မဲခေါင်၊ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အခြေစိုက် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၂) မှ တော်လှန်ရေး ရဲမေ တစ်ဦး စက်တင်ဘာလလ ၂၆ ရက်က စက်လှေ မတော်တဆ နစ်မြုပ်မှုကြောင့် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မဲခေါင်၊ စက်တင်ဘာ ၂၇

စစ်ကောင်စီတပ်တွေ လုံခြုံရေး ယူထားတဲ့ ရန်ကုန်၊ လှိုင်မြို့နယ်၊ ဘူတာရုံလမ်းမှာရှိတဲ့ လျှပ်စစ်ရုံး ယနေ့ ညနေ ၄ နာရီခွဲခန့်က ဗုံးပစ် တိုက်ခိုက်ခံရလို့ ထိခိုက် သေဆုံးသူတွေ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မဲခေါင်၊ စက်တင်ဘာ ၂၇

ပြည်သူလူထု ယုံကြည်မှု မဲ့နေပြီ ဖြစ်တဲ့ ပုဂ္ဂလိက ဘဏ်တွေ အနေနဲ့ အတိုးနှုန်း တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာချက်များကို ယနေ့ အပြိုင်အဆိုင် ထုတ်ပြန်ကာ ငွေအပ်နှံဖို့ ဆွဲဆောင်နေပေမယ့် အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


မဲခေါင်၊ စက်တင်ဘာ ၂၇

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ရှမ်းပြည်နယ်မှာ ခိုးဆိုးလုယက်မှုတွေနဲ့ လောင်းကစားဝိုင်းတွေ၊ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားမှု အလွန်များပြားလာတာကို တွေ့ရပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မဲခေါင်၊ စက်တင်ဘာ ၂၇

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၂၀) ရပ်ကွက် အုပ်ချုပ်ရေးရုံးကို စက်တင်ဘာ ၂၆ ရက် ည ၈ နာရီမှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန် UG အဖွဲ့က ထုတ်ပြန်ပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မဲခေါင်၊ စက်တင်ဘာ ၂၇

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဟိုပုံး-လွိုင်လင်လမ်းမကြီးမှာ စစ်တပ်နဲ့ ရဲက ကုန်တင်ကား တစ်စီးကို ကျပ် ၅ သောင်း အဓမ္မ တောင်းယူနေတယ်လို့ ဒေသခံတွေ ထံကနေ သိရပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မဲခေါင်၊ စက်တင်ဘာ ၂၇

ရန်ကုန်၊ လှိုင်မြို့နယ်၊ (၁၃) ရပ်ကွက်၊ သီရီမြိုင် (၂) လမ်းထဲမှာ နေထိုင်တဲ့ လူငယ်နှစ်ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မဲခေါင်၊ စက်တင်ဘာ ၂၇

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ခရီးသွားဖို့ အတွက် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ဒီကနေ့၊ မနက်ပိုင်းက လာရောက် စစ်ဆေးသူတွေထဲက တစ်ဦးမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မဲခေါင်၊ စက်တင်ဘာ ၂၇

ရှမ်းပြည်‌နယ် တောင်ပိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီက အခုလ အတွင်း စစ်ကြောင်းကြီး ၅ ကြောင်းနဲ့ ဒေသခံ ပြည်သူ တွေ့ဆုံပွဲတွေ လိုက်လံ ပြုလုပ်နေရာ တစ်အိမ်တစ်ယောက် မဖြစ်မနေ တက်ခိုင်းတယ်လို့ သိရပါတယ်။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

မဲခေါင်၊စက်တင်ဘာ ၂၇

NUG အစိုးရရဲ့ လက်ယက်ကုန်းဖြစ်နဲ့ပတ်သက်ပြီး စက်တင်ဘာ ၂၆ နေ့က သတင်းစာရှင်းပွဲမှာ သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဖြေကြားရာမှာ ဒေါက်တာဆာဆာက အခုလိုပြောကြားလိုက်တာပါ။