Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

ဘန်ကောက်၊ ဒီဇင်ဘာ ၂၁

ထိုင်းတွင် တနင်္လာနေ့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၈၂ ယောက်ထပ်တိုးပြီး ထိုထဲမှ ၃၆၀ သည် ဘန်ကောက်အနောက်တောင်ဘက်မှ ဆာမွတ်ဆာခွန်ခရိုင်ရှိ ပုစွန်လက်ကားဈေးတွင်အလုပ်လုပ်ကြသည့် မြန်မာနိုင်ငံမှရွှေ့ပြောင်းလုပ်သားများဖြစ်သည်။

တနင်္ဂနွေနေ့တွင် စံချိန်တင်ကူးစက်သူ ၅၇၆ ယောက်ရှိခဲ့ပြီးနောက် တနင်္လာနေ့တွင်လည်း ကူးစက်မှုမြင့်တက်လာခြင်းဖြစ်သည်။

စနေနေ့မှစတင်၍ဈေးကိုအလုံပိတ်ထားပြီး ရွှေ့ပြောင်းလုပ်သားထောင်ချီကိုလည်း ဗိုင်းရပ်စ်ကူးစက်မှုရှိ၊ မရှိ စစ်ဆေးနေသည်။

ယနေ့ထပ်တိုးသည့်ကူးစက်မှုများကြောင့် ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၅၂၈၉ ယောက်ရှိနေသည်။

တရားမဝင်ရွှေ့ပြောင်းလုပ်သားများအပါအဝင် မြန်မာနိုင်ငံမှလုပ်သားအားလုံးကိုလာရောက်စစ်ဆေးခံရန် ထိုင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေကြီးကြပ်ရေးဗဟိုဌာနပြောခွင့်ရသူ တာဝီဆလစ် ဝိသာနုယိုဆင်ကတိုက်တွန်းသည်။

တရားမဝင်ရွှေ့ပြောင်းလာသူများကို အရေးယူမည်မဟုတ်ဟုလည်း သတိပေးသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုထိန်းချုပ်နိုင်ရန် ဆာမွတ်ဆာခွန်တွင် ကုတင် ၁၀၀၀ ခန့် အရေးပေါ်ဆေးရုံတည်ဆောက်ထားမည်ဟု ဒေါက်တာတာဝီဆလစ်ကအသိပေးသည်။

ယခုကူးစက်မှုစတင်ခဲ့သည့်ဈေးသို့ နေ့စဉ် လူ ၁၀၀၀ ခန့်လာရောက်ကြသည်။

ယခုကူးစက်မှုများကြောင့် ထိုင်းတနိုင်ငံလုံးဖြစ်စေ၊ ဆာမွတ်ဆာခွန်ခရိုင်တခုလုံးကိုဖြစ်စေ အလုံပိတ်ကန့်သတ်မှုများပြုလုပ်ရန် လမ်းညွှန်ချက်များထုတ်ပေးရေး ထိုင်းကျန်းမာရေးဝန်ကြီးဌာနကို ထိုင်းဝန်ကြီးချုပ်ကညွှန်ကြားထားသည်။

Source – Bangkok Post
#ဥက္ကာ
#MeKongNews
Photo – Bangkok Post

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။