Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

တာချီလိတ်၊ ဒီဇင်ဘာ ၁၈

တာချီလိတ်မြို့နယ်မှ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)သို့ ပေးပို့စစ်ဆေးထားသော ဓာတ်ခွဲနမူနာများအနက် လက်ရှိအချိန်ထိ ဓာတ်ခွဲနမူနာ ၂ ခုတွင် Covid-19 ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

“ အခုလက်ရှိထိတော့ ၂ ဦးမှာ ပိုးတွေ့တယ်။ ကျန်တာတွေတော့ စစ်ဆေးနေဆဲပါ။ တောင်ကြီးပေးပို့ပြီးတော့ PCR နဲ့ စစ်တာပါ” ဟု တာချီလိတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးဇော်လင်းဦးက မဲခေါင်သတင်းဌာနသို့ ပြောသည်။

သာစည်မှပြန်လာပြီး တာချီလိတ်မြို့နယ်၊ ဟောင်လိတ် Quarantine Center တွင် Quarantine ထားရှိထားသော အမျိုးသား ၁ ဦးနှင့် ဆန်ဆိုင်း(ခ)၊ ဝမ်မိုင်တွင် အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့သူ အမျိုးသမီး ၁ ဦးတို့တွင် ပိုးတွေ့ရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်မှ ဓာတ်ခွဲနမူနာ ၄၈ ခုအား ဒီဇင်ဘာ ၁၇ ရက်က ပေးပို့စစ်ဆေးထားကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်မှ ဓာတ်ခွဲနမူနာ ၃၅ ခု၊ တာချီလိတ်မြို့နယ်မှ ဓာတ်ခွဲနမူနာ ၃၈ ခု၊ မိုင်းယောာင်းမှ ၄၉ ခု၊ မိုင်းတုံမြို့မှ ၆ ခု၊ မိုင်းခတ်မှ ဓာတ်ခွဲနမူနာ ၅ ခု၊ မိုင်းဆတ်မှ ဓာတ်ခွဲနမူနာ ၂၂ ခု၊ မိုင်းဖြတ်မြို့မှ ဓာတ်ခွဲနမူနာ ၃၀ ခုနှင့် မိုင်းယန်းမြို့မှ ဓာတ်ခွဲနမူနာ ၁၉ ခု စုစုပေါင်း ဓာတ်ခွဲနမူနာ ၂၁၄ ခုအား ပေးပို့စစ်ဆေးထားပြီး အဖြေများကို ယနေ့(ဒီဇင်ဘာ ၁၈ ရက်)၊ ည ၈ နာရီတွင် သိရှိရမည်ဖြစ်ကြောင်း သိရသည်။

MK-003
#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။