Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

တာချီလိတ်၊ ဒီဇင်ဘာ ၁၇Peace Ray 1

ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန် မြန်မာနိုင်ငံသား ၁၀၅ဦးနှင့် တာချီလိတ်မြို့နယ် Fever Clinic တွင် ဒီဇင်ဘာလ ၁၇ရက် နံနက်ပိုင်း လာရောက်စစ်ဆေးမှု ခံယူသူ ၉၂ဦးတို့ကို COVID-19 စစ်ဆေးရာ အားလုံး ပိုးမတွေ့(Negative) အဖြေထွက်ကြောင်း တာချီလိတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဒီဇင်ဘာလ ၁၅ရက်က ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းလာသည့် နေရပ်ပြန် မြန်မာနိုင်ငံသား ၁၀၅ ဦးကို တာချီလိတ်မြို့နယ်၊ မိုင်းကို အထကတွင် Quarantine ထားရှိထားပြီး ၃ရက်ပြည့်မြောက်သည့် ဒီဇင်ဘာလ ၁၇ရက်တွင် RDT Kit ဖြင့် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

တာချီလိတ်မြို့နယ် Fever Clinic တွင်လည်း COVID-19 စစ်ဆေးမှု လာရောက်ခံယူသူ ၉၂ဦးရှိပြီး အားလုံးတွင် ပိုးမတွေ့ကြောင်း တာချီလိတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးဇော်လင်းဦးက ပြောသည်။

“Quarantine ထားတဲ့ ထိုင်းက ပြန်လာတဲ့သူ ၁၀၅ ယောက်ရော၊ Fever Clinic မှာ စစ်တဲ့ ၉၂ ယောက်ရော အားလုံးပိုးမတွေ့(All Negative) ပါ။ Fever Clinic မှာ လာစစ်တဲ့ ၉၂ယောက်ထဲမှာ တရုတ်နိုင်ငံသား ၃၂ဦး ပါပါတယ်” ဟု ဦးဇော်လင်းဦးက ပြောသည်။

ပြည်တွင်းလေကြောင်းလိုင်းများ ဖွင့်လှစ်ချိန်တွင် ရန်ကုန်မှတဆင့် နေရပ်ပြန်မည့် တရုတ်နိုင်ငံသားများ နေ့စဉ် COVID-19 စစ်ဆေးမှု လာရောက်ခံယူနေခြင်း ဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း ဒီဇင်ဘာလ ၁၆ရက် ညပိုင်းအထိ COVID-19 အတည်ပြုလူနာ ၁၀၀ ဦးရှိပြီး ၇၇ဦး ဆေးရုံဆင်းခွင့် ရရှိသွားပြီဖြစ်ကာ ၂၃ဦး မှာ ကုသဆဲဖြစ်သည်။

MK – 001
#MeKongNews
1. [ကြော်ငြာ] - လူကြီးမင်းတို့ရဲ့လုံခြုံရေးဝန်ဆောင်မှုများအတွက် ?‍♂ Peace Ray Security Service ?‍♂ ?အမှတ်(၂/၁၃၆)၊ ဘုရင့်နောင်လမ်း၊ မေဖလားဝါးစင်တာ၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ တာချီလိတ်မြို့။ ?
? 09-49279376 ? https://www.facebook.com/Peace-Ray-Security-Services-112206193650475/

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။