Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

တာချီလိတ်၊ ဒီဇင်ဘာ ၁၅

တာချီလိတ်မြို့နယ်မှ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)သို့ ပေးပို့စစ်ဆေးထားသော ဓာတ်ခွဲနမူနာများအနက် လက်ရှိအချိန်ထိ ဓာတ်ခွဲနမူနာ ၃ ခုတွင် Covid-19 ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

“ အခုလက်ရှိထိတော့ ၃ ဦးမှာ ပိုးတွေ့တယ်။ ကျန်တာတွေတော့ စစ်ဆေးနေဆဲပါ” ဟု တာချီလိတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးဇော်လင်းဦးက မဲခေါင်သတင်းဌာနသို့ ပြောသည်။

ပိုးတွေ့ရှိသူများသည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ပါခါကျေးရွာမှ ၁ ဦးနှင့် ဝိန်းကျောက်ရပ်ကွက်မှ ၁ ဦးတို့ဖြစ်ကာ ၎င်းတို့ကို Quarantine Center တွင် Quarantine ထားရှိထားသူများ ဖြစ်သည်။

ထို့အတူ ရန်ကုန်မှပြန်လာသူတစ်ဦးကိုလည်း တာချီလိတ်တွင် Quarantine ထားရှိပြီး ဓာတ်ခွဲနမူနာများအား ပေးပို့စစ်ဆေးရာ ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ်အသီးသီးမှ ဓာတ်ခွဲနမူနာ ၁၇၃ ခုအား ဒီဇင်ဘာ ၁၄ ရက်က ပေးပို့စစ်ဆေးထားကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်မှ ဓာတ်ခွဲနမူနာ ၉၁ ခု၊ တာချီလိတ်မြို့နယ်မှ ဓာတ်ခွဲနမူနာ ၁၇၃ ခု၊ မိုင်းပျဉ်းမြို့နယ်မှ ဓာတ်ခွဲနမူနာ ၁၈ ခု၊ မိုင်းတုံမြို့မှ ဓာတ်ခွဲနမူနာ ၁၅ ခု၊ မိုင်းခတ်မှ ဓာတ်ခွဲနမူနာ ၅ ခု၊ မိုင်းဆတ်မှ ဓာတ်ခွဲနမူနာ ၅၃ ခု၊ မိုင်းဖြတ်မြို့မှ ဓာတ်ခွဲနမူနာ ၁၀၀ ခုနှင့် မိုင်းယန်းမြို့မှ ဓာတ်ခွဲနမူနာ ၉ ခု စုစုပေါင်း ဓာတ်ခွဲနမူနာ ၄၆၄ ခုအား ပေးပို့စစ်ဆေးထားပြီး အဖြေများကို ယနေ့(ဒီဇင်ဘာ ၁၅ ရက်)၊ ည ၈ နာရီတွင် သိရှိရမည်ဖြစ်ကြောင်း သိရသည်။

MK-003
#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။