Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၅

အမေရိကန်ဆေးကုမ္ပဏီဖိုင်ဇာနှင့် ဂျာမနီဆေးသုတေသနကုမ္ပဏီတို့ပူးပေါင်းထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ တနင်္ဂနွေနေ့တွင် ကနေဒါနိုင်ငံသို့ ရောက်ရှိသည်။

ယနေ့တွင်စတင်ပြီး ကနေဒါနှင့်အမေရိကန်တို့တွင် ထိုကာကွယ်ဆေးစတင်ထိုးပေးတော့မည်ဖြစ်သည်။

ကာကွယ်ဆေး ၃ သောင်းကို ကနေဒါမှဒေသ ၁၄ ခုသို့ ပို့ဆောင်ပြီး လူအိုရုံများနှင့်ကျန်းမာရေးလုပ်သားများကိုဦးစားပေးထိုးပေးမည်ဖြစ်သည်။

ယခုနှစ်အကုန်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂၄၉၀၀၀ ထပ်ရမည်ဟု ကာကွယ်ဆေးဖြန့်ချိမှုတာဝန်ခံ ဗိုလ်ချုပ်ကြီး ဒန်နီ ဖော်တင်ကပြောသည်။

ကာကွယ်ဆေးရလာပြီဖြစ်သော်လည်း နှာခေါင်းစည်းများတပ်ရန်နှင့် ခပ်ခွာခွာနေရန်ကဲ့သို့သော ကာကွယ်သည့်လုပ်ငန်းများဆက်လုပ်ကြရန် ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက သတိပေးသည်။

တနင်္ဂနွေနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်အတည်ပြုလူနာ ၅၈၉၁ ယောက်ထပ်တိုးခဲ့ပြီး စုစုပေါင်း ၄၆၀၇၄၃ ယောက်ရှိနေသည်။
သေဆုံးသူလည်း စုစုပေါင်း ၁၃၄၃၁ ယောက်ရှိနေသည်။

Source – Reuters
#ဥက္ကာ
#MeKongNews
Photo – Justin Trudeau

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။