Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

လန်ဒန်၊ ဒီဇင်ဘာ ၁၀

ချမ်းသာသောနိုင်ငံများက လာမည့်နှစ်တွင် လူဦးရေ၏ ၃ ဆ အထိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများလုံလုံလောက်လောက်ဝယ်ယူထားသော်လည်း ဆင်းရဲသည့်နိုင်ငံ ၉၀ ရာခိုင်နှုန်းခန့်က ၂၀၂၁ ခုနှစ်တွင် ကာကွယ်ဆေးရမည်မဟုတ်ဟု အစီရင်ခံစာတွင် ပါဝင်သည်။

ဖိုင်ဇာကထုတ်လုပ်သည့်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၉၆ ရာခိုင်နှုန်းနှင့် မိုဒါးနား၏ကာကွယ်ဆေး ၁၀၀ ရာခိုင်နှုန်းကို ချမ်းသာသောနိုင်ငံများက ဝယ်ယူထားကြောင်းလည်းပါဝင်သည်။

နှိုင်းယှဉ်ပါက အောက်စဖို့/အက်စထရာဇီနီကာ၏ကာကွယ်ဆေးတဝက်ကို ဖွံ့ဖြိုးဆဲနိုင်ငံများထံပေးရန်ကတိပြုထားသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ အေအိုင်ဒီအက်စ်ရှေ့တန်းအဖွဲ့၊ ကမ္ဘာ့ချက်ချင်းတရားမျှတရေးအဖွဲ့နှင့် အောက်က်စ်ဖမ်အဖွဲ့တို့ပါဝင်သည့် ပြည်သူ့ကာကွယ်ဆေးရရှိရေးအဖွဲ့၏အစီရင်ခံစာတွင် ပါဝင်သည်။

ကင်ညာ၊ မြန်မာ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နှင့် ယူကရိန်းတို့တွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၁.၄ သန်းရှိသော်လည်း ကမ္ဘာ့ကာကွယ်ဆေးဝေမျှရေးအစီအစဉ်ထံမှသာ ကာကွယ်ဆေးများရမည်ဖြစ်သည်။

ကနေဒါတနိုင်ငံတည်းတွင် အတည်ပြုလူနာ ၄၃၂၈၇၀ ယောက်ရှိသော်လည်း ကာကွယ်ဆေးကုမ္ပဏီများနှင့်တိုက်ရိုက်သဘောတူညီချက်ရယူပြီး ကနေဒါနိုင်ငံသားတယောက်ချင်းစီကို ကာကွယ်ဆေး ၅ ကြိမ်ထိုးပေးနိုင်သည်အထိဝယ်ယူထားကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ကာကွယ်ဆေးများမျှမျှတတမဖြန့်ချိနိုင်ခြင်းသည် စိုးရိမ်စရာကိစ္စဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရို့စ် အက်ဟာနွန် ဂီဘရီရီးဆက်စ်က ထပ်ကာထပ်ကာသတိပေးထားသည်။

Source – ABC
#ဥက္ကာ
#MeKongNews
Photo – ABC

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။