Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

ဂျီနီဗာ၊ ဒီဇင်ဘာ ၂

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ မြန်မြန်ဆန်ဆန်ချည်းကပ်လာသော်လည်း ဒုတိယမြောက် ကမ္ဘာ့ကပ်ရောဂါသည် ပထမရောဂါသက်သာရေးကြိုးစားမှုများကို မှိန်ဖျော့စေနိုင်သည်ဟု နိုင်ငံတကာကြက်ခြေနီနှင့်လခြမ်းနီအဖွဲ့ဥက္ကဋ္ဌ ဖရန်ဆက်စကိုရော့ကာက ပြောသည်။

တနင်္လာနေ့က ကုလသမဂ္ဂဆိုင်ရာသတင်းထောက်များအသင်းနှင့် အွန်လိုင်းမှတွေ့ဆုံမေးမြန်းရာတွင်ပြောခဲ့ခြင်း ဖြစ်သည်။

ဒုတိယမြောက်ကမ္ဘာ့ကပ်ရောဂါသည် ကာကွယ်ဆေးများအကြောင်း သတင်းတုများ ဖြစ်သည်။

အစိုးရနှင့်အဖွဲ့အစည်းများအနေဖြင့် အလွဲယုံကြည်မှုနှင့်သတင်းမှားများတိုက်ဖျက်ရန်အစီအစဉ်များ အကောင်အထည်ဖော်ရန်လိုအပ်ကြောင်းလည်း သတိပေးသည်။

ကြက်ခြေနီအဖွဲ့အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများရရှိလာနိုင်ခြင်းအတွက် စိတ်သက်သာမှုနှင့်အကောင်းမြင်မှုများဝေမျှပေးနေသော်လည်း အစိုးရနှင့်အဖွဲ့အစည်းများအနေဖြင့် သတင်းမှားများအမြစ်တွယ်နေသည့်အသိုက်အဝန်းတွင် ယုံကြည်မှုတည်ဆောက်ပေးရန်လိုအပ်ကြောင်းလည်း သူကဖြည့်စွက်ပြောဆိုသည်။

ဇူလိုင်လနှင့်အောက်တိုဘာလအကြား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လက်ခံမှုသည် နိုင်ငံ ၆၇ နိုင်ငံတွင် သိသိသာသာကျဆင်းခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏လေ့လာမှုတရပ်ကိုကိုးကားပြီး ရော့ကာက ပြောသည်။

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများထိုးရန် သတင်းမှားများ၊ အလွဲယုံကြည်မှုများနှင့် အများပြည်သူကြားရှက်ရွံ့မှုတို့ကြောင့် လူထုကိုကာကွယ်ရန်ကာကွယ်ဆေးထိုးပေးမည့်အမြင့်ဆုံးပမာဏရောက်နိုင်မည်မဟုတ်ကြောင်း ပြီးခဲ့သည့်လတွင် ဗြိတိန်သိပ္ပံပညာရှင်များက သတိပေးသည်။

Source – CNN
#ဥက္ကာ
#MeKongNews
Photo – ICRC

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။