Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

တာချီလိတ်၊ နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ပိုးတွေ့လူနာများနှင့်ဆက်စပ်သူများအား စစ်ဆေးရာ ၁ ဦးတွင် ပိုးတွေ့ရှိကြောင်း သိရသည်။

တာချီလိတ်ဆေးရုံဟောင်း၌ ဖွင့်လှစ်ထားသော Fever Clinic တွင် Covid-19 ရောဂါပိုး ရှိ၊မရှိ RDT Test kit ဖြင့် စစ်ဆေးရာ ၁၁ ဦး ပိုးတွေ့ရှိပြီး ၎င်းတို့နှင့်ဆက်စပ်သူ ၇၅ ဦးအား စစ်ဆေးရာ ၁ ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ ဒီနေ့စစ်တာ အားလုံးစုစုပေါင်း ၁၁ ဦးမှာ Positive ထွက်တယ်။အဲ့ဒီပိုးတွေ့တဲ့သူတွေနဲ့ ဆက်စပ်တဲ့သူတွေကို ထပ်စစ်တာပေါ့။ အဲ့မှာ တစ်ယောက်က Positive ထွက်တယ်” ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပိုးတွေ့ရှိသူများကို တာချီလိတ်ပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိကာ ဆေးကုသမှုပေးမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 ရောဂါပိုးတွေ့ရှိသူ ယခုအချိန်အထိ စုစုပေါင်း ၃၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

MK-003
#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။