Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

တောင်ကြီး၊ မေ ၂၂

လားရှိုးမြို့တွင် နှာခေါင်းစီး တပ်ဆင်ရေး Mask Campaign ကို မေလ ၂၂ ရက် နံနက်ပိုင်းက စတင်ပြုလုပ်လုပ်ခဲ့ကြောင်း သိရသည်။

Mask Campaign ကို လားရှိုးမြို့ ဘောလုံးကွင်းအတွင်း ပြောင်းရွှေ့ဖွင့်လှစ်ထားသော ဘူတာဈေး၊ လားရှိုးမြို့မဈေးကြီး၊ အဝေးပြေးကားကွင်း၊ မြို့တော်ခန်းမ စသော နေရာ (၄) နေရာ၌ Mask အခုရေ ၄ သောင်း ဝန်းကျင်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဒီဘက်မှာလည်း Mask campaign က မစရသေးဘူး။ အဲ့တာနဲ့ အစီအစဥ် ၄ နေရ. ခွဲပြီးတော့ လုပ်လိုက်တယ်။ Mask အခုရေကတော့ တစ်နေရာကို တစ်သောင်းလိုက် ရှိတယ်။ ကျွန်တေယ်ကတော့ ကားအဝင်အထွက် နေရာတွေမှာ လိုက်ဝေတယ်။ လာမယ့်အပတ်မှာလည်း ထပ်လုပ်ဖို့ plan တော့ ဆွဲထားတယ်" ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ် စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက မဲခေါင်သတင်းဌာနသို့ ပြောသည်။

LSO Mask 2

အဆိုပါ နှာခေါင်းစီး တပ်ဆင်ရေး Mask Campaign ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံဘဏ္ဍာဝန်ကြီး ဉီးစိုးညွန့်လွင်၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း| လျှပ်စစ်စွမ်းအင်ဝန်ကြီး ဉီးစိုင်းရှဲန်တစ်လုံနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက် ပါဝင်ခဲ့ကြောင်း သိရသည်။LSO Mask 1

လားရှိုးမြို့တွင် Mask campaign ဆောင်ရွက်မှုသည် ပထမအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဒုတိယအကြိမ်အနေဖြင့် လာမည့်အပတ်တွင် ဆက်လက်ဆောင်ရွက်သွားရန် အစီအစဥ် ဆွဲထားကြောင်း သိရသည်။

စိုင်းရာဇာ
#MeKongNews
Photo-Shan Information Committee NLD

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။