Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

မဲခေါင်၊ စက်တင်ဘာ ၂၁

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာ တစ်ဦး ထပ်တိုးလာတယ်လို့ သတင်းရင်းမြစ်ထံကနေ သိရပါတယ်။

တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာမှာ နေထိုင်တဲ့ အသက် (၉၀)ကျော် အမျိုးသမီး တစ်ဦး ထံမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

“ဒီနေ့ ညနေပိုင်းမှာ တစ်ဦး ထပ်တွေ့တယ်။ မနက်က စစ်တာ ၂ ဦး တွေ့တယ်” လို့ ၎င်းက ပြောပါတယ်။

လက်ရှိ ကိုဗစ်ပိုးတွေ့ရှိသူ နေထိုင်တဲ့ နေအိမ်ကို အာဏာပိုင်တွေက အသွားအလာ ကန့်သတ်မှုတွေ ပြုလုပ်ထားပါတယ်။

အလားတူ ဒီကနေ့ မနက်ပိုင်းကလည်း တာချီလိတ် ဆေးရုံဟောင်းမှာ ဖွင့်လှစ်ထားတဲ့ ကိုဗစ်စင်တာမှာ ခရီးသွားဖို့ ကိုဗစ်-၁၉ ‌ရောဂါပိုး ရှိ၊ မရှိ လာရောက် စစ်ဆေးသူတွေထဲက အမျိုးသား ၂ ဦးမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့ပါတယ်။

တာချီလိတ်မှာ ဒီကနေ့ တစ်ရက်ထဲ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတဲ့သူ ၃ ဦးရှိနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်ကလည်း တာချီလိတ်မြို့မှာ ကိုဗစ်ပိုး ကူးစက်ခံရပြီး ရောဂါအခံရှိတဲ့ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပါတယ်။

လတ်တလော တာချီလိတ်မြို့တွင် ကိုဗစ်ပိုး တွေ့ရှိသူတွေ ပြန်လည် များပြားလာပေမယ့် အာဏာပိုင်တွေက ရောဂါပိုး တွေ့ရှိမှုကို ထုတ်ပြန်တာမျိုး မရှိတဲ့အတွက် ရောဂါ ကူးစက်ခံရမှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုရက်ပိုင်းမှာ တာချီလိတ်မြို့ အပါအဝင် ရှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူတွေ များပြားနေပါတယ်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။