Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

မဲခေါင်၊ စက်တင်ဘာ ၂၁

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ကိုဗစ် အတည်ပြုလူနာ တစ်ဦး မနေ့ စက်တင်ဘာ ၂၀ ရက်က သေဆုံးသွားတယ်လို့ သတင်းရင်းမြစ် ထံကနေ သိရပါတယ်။

ကိုဗစ်ပိုး ကူးစက်ခံရလို့ စဝ်စံထွန်းဆေးရုံမှ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားတာ ဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

“မနေ့က သေဆုံးသွားပါတယ်။ အမျိုးသားလား၊ အမျိုးသမီးလားတော့ မသိသေးဘူး။ ကိုဗစ်ပိုးကူးလို့ ဆေးရုံ လာတက်နေတာ” လို့ ၎င်းက ပြောပါတယ်။

အခုလို သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေး အာဏာပိုင်တွေက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

တောင်ကြီးမြို့နယ်မှာ စက်တင်ဘာလ ၂၀ ရက်နေ့က သံသယရှိသူ စုစုပေါင်း ၅၃ ဦးကို စစ်ဆေးခဲ့ရာမှာ ပိုးတွေ့လူနာ ၁၅ ဦး တွေ့ရှိခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်က ပိုးတွေ့လူနာ ၁၀ ဦးရှိတာကြောင့် စုစုပေါင်း ၂၅ ဦးအထိ ရှိလာတယ်လို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)က ထုတ်ပြန်ထားပါတယ်။

လက်ရှိ ပိုးတွေ့လူနာတွေကို ဘယ်ဆေးရုံမှာ ထားရှိပြီး ကုသပေးနေတယ် ဆိုတာ ထုတ်ပြန်တာ မရှိပေမယ့် စဝ်စံထွန်းဆေးရုံမှာ ကုသပေးနေတဲ့ လူနာတချို့ ရှိနေတယ်လို့ သိရပြီး တောင်ကြီးမြို့နယ်မှာ Quarantine Center တွေ ဖွင့်လှစ်ထားတာ မရှိသေးကြောင်း သိရပါတယ်။

တောင်ကြီး အပါအဝင် ရှမ်းပြည်နယ် တောင်ပိုင်းမှာ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာတွေက Mask ကမ်ပိန်းတွေ လုပ်နေပေမယ့် အရင်အစိုးရ လက်ထက်ကလို ပရဟိတ အဖွဲ့အစည်းတွေ၊ ဒေသခံ ပြည်သူတွေ ပူးပေါင်းကူညီမှု မရှိဘူးလို့ သိရပါတယ်။

စက်တင်ဘာလ အတွင်း ရှမ်းပြည်နယ်မှာ ကိုဗစ်ပိုး ကူးစက်သူပေါင်း ၁၁၄ ဦးရှိတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။