Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

မဲခေါင်၊ စက်တင်ဘာ ၂၁

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ခရီးသွားဖို့ ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်မှာ ကိုဗစ်-၁၉ ‌ရောဂါပိုး ရှိ၊ မရှိ လာရောက် စစ်ဆေးသူတွေထဲက ၂ ဦးမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တယ်လို့ သတင်းရင်းမြစ်ထံကနေ သိရပါတယ်။

တာချီလိတ်မြို့ ဆေးရုံဟောင်းရှိ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေး စင်တာကို ခရီးသွားဖို့ အတွက် လာ‌ရောက် စစ်ဆေးရာက ကိုဗစ်ပိုး တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

“၂ ယောက်မှာ ပိုးတွေ့တယ်။ လေယာဉ်နဲ့ သွားဖို့အတွက် လာစစ်တဲ့ သူတွေလို့ သိရတယ်။ ကျန်တာတော့ မသိရသေးဘူး” လို့ ၎င်းက ပြောပါတယ်။

ကိုဗစ်ပိုး တွေ့ရှိသူတွေနဲ့ ထိတွေ့ခဲ့သူတွေကို အာဏာပိုင်တွေက ဆက်လက် စုံစမ်း နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်ကလည်း တာချီလိတ်မြို့မှာ ကိုဗစ်ပိုး ကူးစက်ခံရပြီး ရောဂါအခံရှိတဲ့ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပါတယ်။

လတ်တလော တာချီလိတ်မြို့တွင် ကိုဗစ်ပိုး တွေ့ရှိသူတွေ ပြန်လည် များပြားလာပေမယ့် အာဏာပိုင်တွေက ရောဂါပိုး တွေ့ရှိမှုကို အတည်ပြု ထုတ်ပြန်တာမျိုး မရှိတဲ့အတွက် ရောဂါ ကူးစက်ခံရမှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုရက်ပိုင်းမှာ တာချီလိတ်မြို့ အပါအဝင် ရှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူတွေ များပြားလာပါတယ်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။