Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

မဲခေါင်၊ စက်တင်ဘာ ၂၀

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှာ ဒီကနေ့ စက်တင်ဘာလ ၂၀ ရက် တစ်ရက်အတွင်း ကိုဗစ် ပိုးတွေ့ လူနာ ၁၅ ဦးရှိတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)က ထုတ်ပြန်ပါတယ်။

သံသယ လူနာ စုစုပေါင်း ၅၃ ဦးကို စစ်ဆေးခဲ့ရာမှာ ပိုးတွေ့လူနာ ၁၅ ဦး တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်ကလည်း ပိုးတွေ့လူနာ ၁၀ ဦးရှိတာကြောင့် စုစုပေါင်း ၂၅ ဦးအထိ ရှိလာတယ်လို့ သိရပါတယ်။

အဲဒီ ပိုးတွေ့လူနာတွေကို ဘယ်ဆေးရုံမှာ ထားရှိပြီး ကုသပေးနေတယ် ဆိုတာ ထုတ်ပြန်တာ မရှိသလို တောင်ကြီးမြို့နယ်မှာ Quarantine Center တွေ ဖွင့်လှစ်ထားတာ မရှိသေးကြောင်း သိရပါတယ်။

တောင်ကြီး အပါအဝင် ရှမ်းပြည်နယ် တောင်ပိုင်းမှာ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာတွေက Mask ကမ်ပိန်းတွေ လုပ်နေပေမယ့် အရင်အစိုးရ လက်ထက်ကလို ပရဟိတ အဖွဲ့အစည်းတွေ၊ ဒေသခံ ပြည်သူတွေ ပူးပေါင်းကူညီမှု မရှိဘူးလို့ သိရပါတယ်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။