Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

မဲခေါင်၊ စက်တင်ဘာ ၁၆

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ များပြားနေပြီး အတည်ပြု လူနာ အမျိုးသား တစ်ဦး ဒီကနေ့ စက်တင်ဘာ ၁၆ ရက်မှာ သေဆုံးသွားတယ်လို့ ဒေသတွင်း နာရေးကူညီမှုအသင်း ထံကနေ သိရပါတယ်။

လားရှိုး ပြည်သူ့ဆေးရုံမှာ ကိုဗစ် ရောဂါပိုး ကူးစက်ခံထားရတဲ့ အမျိုးသားတစ်ဦး ဆေးကုသမှု ခံယူနေချိန် သေဆုံးခဲ့တာ ဖြစ်တယ်လို့ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ဒေသတွင်းသတင်းကို ပြောပါတယ်။

“လားရှိုးမှာ ကိုဗစ် ရောဂါ ကူးစက်ခံရတဲ့သူ တွေက ပြန်များလာပါတယ်။ ပြည်သူ ဘယ်နှစ်ယောက် ကူးစက်ခံရတယ် ဆိုတာတော့ ကျနော်တို့က သေချာ မသိရ သေးဘူး” လို့ ၎င်းက ပြောပါတယ်။

ကိုဗစ်-၁၉ နဲ့ သေဆုံးသွားတဲ့သူဟာ အသက် (၅၈) နှစ်အရွယ် ဖြစ်တယ်လို့ သိရပါတယ်။

လားရှိုးမြို့မှာ ကိုဗစ်-၁၉ ရောဂါ သြဂုတ်လကုန်ပိုင်းမှာ ပြန်လည် ဖြစ်ပွားလာပြီး စက်တင်ဘာလက စတင်ကာ သေဆုံးသူ ၃ ဦးရှိပေမယ့် ကျန်းမာရေးဌာနတွေက ဖြစ်ပွားမှု အရေအတွက် အတိအကျ ထုတ်ပြန်တာ မရှိပါဘူး။

ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံ မြို့အချို့မှာ အခုလပိုင်း ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွား နေပါတယ်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: editor[email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။