Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

မဲခေါင်၊ စက်တင်ဘာ ၇

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်မှာ ကိုဗစ် အတည်ပြုလူနာ အမျိုးသမီး ၁ ဦးကို မနေ့ စက်တင်ဘာ ၆ ရက်က တွေ့ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေ ထံကနေ သိရပါတယ်။

ကလောမြို့နယ်၊ မြင်းကရွာမှာ နေထိုင်တဲ့ အမျိုးသမီး ၁ ဦး အောင်ပန်းမြို့မှာရှိတဲ့ ဆန္ဒမွန်ဆေးရုံမှာ ဆေးကုသမှု ခံယူနေစဉ် ကိုဗစ်ပိုး တွေ့ရှိခဲ့တယ်လို သိရပါတယ်။

ကိုဗစ်ပိုးတွေ့ လူနာ အမျိုးသမီးကို အောင်ပန်း ကနေ ကလောမြို့နယ် ပြည်သူ့ဆေးရုံကို လူမှု ကူညီမှုအသင်း က ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်ကလည်း ရပ်စောက်မြို့နယ်မှာ ကိုဗစ် အတည်ပြုလူနာ အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။

ရှမ်းပြည်နယ်မှာ ဒီရက်ပိုင်း ကိုဗစ်ပိုး တွေ့ရှိသူတွေ များပြားလာတယ်လို့ သိရပါတယ်။

ထို့အတူ အုတ်တွင်းမြို့ အထက်တန်းကျောင်းမှာ ဆော့ကစားနေစဉ် ကျောင်းသူ ၁ ဦး မူးမေ့လဲကျလို့ ဆေးရုံမှာ မနေ့ မနက်က သေဆုံးသွားပြီး စစ်ဆေးရာမှာ ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။