Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

မြန်မာနိုင်ငံသို့ ၂ ရက်ကြာ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့်အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ဟာ့ရှ်ဗာ့ဒန် ရှရင်ဂလာ က မြန်မာနိုင်ငံကြက်ခြေနီအသင်းထံ အိန္ဒိယထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၁၀ သိန်းလှူဒါန်းခဲ့သည်။

ရှရင်ဂလာ၏ခရီးစဉ်သည် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီက အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း အိန္ဒိယအရာရှိကြီးတယောက်၏ ပထမဆုံးခရီးစဉ် ဖြစ်သည်။

ခရီးစဉ်တွင် စစ်ကောင်စီ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးရေး၊ လုံခြုံရေးနှင့်အိန္ဒိယ-မြန်မာနယ်စပ်စိုးရိမ်စရာကိစ္စများနှင့် မြန်မာနိုင်ငံမှ နိုင်ငံရေးအခြေအနေများကို ဆွေးနွေးမည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာတွင် အိန္ဒိယကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမ်အမ် နာရာဗာနီ နှင့်အတူ ရှရှင်ဂလာလည်း မြန်မာနိုင်ငံကို တရားဝင်ခရီးစဉ်လာရောက်ခဲ့ပြီး ထိုစဉ်က အရပ်သားအစိုးရ၊ စစ်ဦးစီးချုပ်တို့နှင့် လုံခြုံရေးမှ နှစ်နိုင်ငံဆက်ဆံရေးအထိ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

မြန်မာအာဏာသိမ်းမှု၊ ဒီမိုကရေစီလိုလားသည့်ဆန္ဒပြသူများကို ရက်စက်စွာဖြိုခွင်းမှုနှင့် ထိုဖြစ်ရပ်များနောက်ပိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဖမ်းဆီးခံရမှု၊ တရားရင်ဆိုင်မှုများနှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံဘက်က ဝေဖန်ပြောဆိုမှုများရှောင်ရှားနေသည်။

သို့သော်လည်း အကြမ်းဖက်စစ်တပ်၏လုပ်ရပ်များကြောင့် စစ်ရှောင်ဒုက္ခသည် ၁၅၀၀၀ ကျော် အိန္ဒိယအရှေ့မြောက်ပိုင်းရှိ မဏိပူရ်၊ မီဇိုရမ်နှင့် နာဂလန်ပြည်နယ်တို့တွင် တိမ်းရှောင်နေပြီးနောက်ပိုင်း ဒီမိုကရေစီလိုလားသောလက်နက်ကိုင်တော်လှန်ရေးသမားများလည်း အိန္ဒိယဘက်သို့စိမ့်ဝင်မှုများရှိနေနိုင်ကြောင်း အိန္ဒိယဘက်က စိုးရိမ်နေသည်။

မြန်မာနိုင်ငံတွင် မတည်ငြိမ်မှုများကြောင့် အိန္ဒိယအစိုးရကို ဆန့်ကျင်သော နယ်စပ်ဒေသမှ စစ်သွေးကြွများ၏ လှုပ်ရှားမှုများ အရှိန်မြင့်လာနိုင်သည်ဟုလည်း အိန္ဒိယအရာရှိများက စိုးရိမ်နေကြသည်။

Source – Tribune India

#ဥက္ကာ #MeKongNews

Photo – Twitter

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။