Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

မဲခေါင်၊ ဩဂုတ် ၁၉

တာချီလိတ်မြို့တွင် COVID-19 ကူးစက်ခံရပြီးနောက် သေဆုံးသူမှာ ဩဂုတ်လ ၁၆ရက်မှ စတင်ကာ တစ်ရက်လျှင့် ၅ဦးနှုန်းဖြင့် ၃ရက်ဆက်တိုက် သေဆုံးမှု ရှိနေကြောင်း သိရသည်။

ဩဂုတ်လ ၁၆ရက်နှင့် ၁၇ရက်တို့တွင် တစ်ရက် ၅ဦး စီဖြင့် ၁၀ဦး သေဆုံးပြီး ဩဂုတ်လ ၁၈ရက်ကလည်း ၅ဦး ထပ်မံသေဆုံးကြောင်း သိရသည်။

ရန်အောင်မြေရပ်ကွက်မှ အမျိုးသား ၂ဦး၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ခုတ်ဝ ကျေးရွာမှ အမျိုးသမီးတစ်ဦး၊ ဆန်ဆိုင်း(ခ)ရပ်ကွက်မှ အမျိုးသမီးတစ်ဦး၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စုမှ အမျိုးသမီးတစ်ဦးတို့ ဩဂုတ်လ ၁၈ရက်က COVID-19 ဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် နောက်ဆုံး ၃ရက်အတွင်း COVID-19 ကြောင့် သေဆုံးသူ ၁၅ဦးရှိကာ တတိယလှိုင်းတွင် သေဆုံးသူအရေအတွက်မှာ တရားဝင် စာရင်းအရ ၅၀ ကျော်ရှိလာပြီဖြစ်သည်။

ရပ်ကွက်၊ ကျေးရွာများအတွင်း သေဆုံးသွားပြီး COVID-19 မစစ်ဆေးနိုင်သည့် ကိစ္စများလည်း များပြားနေပြီး တာချီလိတ်မြို့မသုသာန်သစ်ရှိ မီးသင်္ဂြိုလ်စက်ပင် ပျက်ကာ ထင်းမီးဖြင့် သင်္ဂြိုလ်နေရကြောင်း သိရသည်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။