Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

မဲခေါင်၊ ဩဂုတ် ၁၈

တာချီလိတ်မြို့တွင် ဩဂုတ်လ ၁၇ရက်က COVID-19 ကူးစက်ခံရပြီးနောက် သေဆုံးသူ အမျိုးသမီး ၄ဦး၊ အမျိုးသား တစ်ဦး၊ စုစုပေါင်း ၅ဦးရှိကြောင်း သိရသည်။

သေဆုံးသူများမှာ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်ကောင်းရပ်ကွက်နှင့် ရန်အောင်မြေ ရပ်ကွက်အတွင်းမှဖြစ်ပြီး အသက် ၄၂နှစ်အရွယ်မှ အသက် ၆၃အရွယ်အထိ ဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ ၁၆ရက်ကလည်း အမျိုးသား ၃ဦးနှင့် အမျိုးသမီး ၂ဦး COVID-19 ကြောင့်သေဆုံးခဲ့ပြီး ဩဂုတ်လ ၁၆ရက်နှင့် ၁၇ရက်တွင် သေဆုံးသူ ၁၀ဦးအထိရှိလာသည်။

တာချီလိတ်မြို့တွင် COVID-19 ကြောင့် သေဆုံးသူအရေအတွက်မှာ ဩဂုတ်လ ၁၇ရက်ညပိုင်းအထိ ၄၀ ကျော်လာပြီဖြစ်သည်။

ဩဂုတ်လ ၁၇ရက်က တာချီလိတ်မြို့တွင် COVID-19 ကူးစက်လူနာ ၃၃ဦးထပ်တိုးပြီး ဆေးရုံဆင်းသည့် အရေအတွက်ကိုမူ မသိရပေ။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။