Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

မဲခေါင်၊ ဩဂုတ် ၁၃

တာချီလိတ်မြို့တွင် ဩဂုတ်လ ၁၃ရက် နံနက်ပိုင်းက အသက် ၁၆နှစ်အရွယ် COVID-19 အတည်ပြုလူနာ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူသည် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျံ(၁)တွင် နေထိုင်သူဖြစ်ပြီး ဩဂုတ်လ ၁၁ရက်မှ စတင်ကာ တာချီလိတ်ခရိုင်ဆေးရုံသို့ တက်ရောက်ကုသနေခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သေဆုံးသူက ဆီးချိုရောဂါအခံတော့ရှိတယ်။ ဒီမနက် ၄နာရီလောက်မှာ ဆုံးသွားတာ” ဟု ၎င်းက ပြောသည်။

COVID တတိယလှိုင်းတွင် တာချီလိတ်မြို့၌ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁၉၂၄ ဦးကျော်ရှိပြီဖြစ်ပြီး သေဆုံးသူ ၃၀ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ကိုဗစ်ပိုးတွေ့ရှိသူ များပြားလာသောကြောင့် အာဏာပိုင်များက ဇူလိုင် ၁၃ ရက်ကစတင်၍ Stay at Home ဒေသအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။