Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

မဲခေါင်၊ ဩဂုတ် ၁၀

တာချီလိတ်မြို့တွင် ဩဂုတ်လ ၁၀ရက် နံနက်ပိုင်းက COVID-19 အတည်ပြုလူနာ အမျိုးသား ၂ဦး ထပ်မံသေဆုံးကြောင်း သိရသည်။

ဝမ်ကောင်းရပ်ကွက်အတွင်းမှ အသက် ၈၁နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အခြား အသက် ၈၅နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ကြောင်း သိရသည်။

“အသက် ၈၁ အမျိုးသားကတော့ ဆေးရုံတက်နေတာ ရက်ပိုင်းရှိပြီ။ နောက်တစ်ဦးကတော့ ဒီနေ့မနက်မှ ဆေးရုံရောက်ပြီး မကြာဘူး ဆုံးသွားတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ဩဂုတ် ၁၀ ရက် နေ့လည်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၂၆ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁၄ဦးနှင့် အမိုးသမီး ၁၂ဦး ဖြစ်ကြောင်း သိရသည်။

COVID-19 တတိယလှိုင်းတွင် တာချီလိတ်မြို့၌ COVID-19 ပိုးတွေ့ရှိသူ အတည်ပြုလူနာ အရေအတွက်မှာ တရားဝင်စာရင်းများအရ ၁၈၂၉ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ကိုဗစ်ပိုးတွေ့ရှိသူ များပြားလာသောကြောင့် အာဏာပိုင်များက ဇူလိုင် ၁၃ ရက်ကစတင်၍ Stay at Home ဒေသအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။