Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

မဲခေါင်၊ ဩဂုတ် ၉

တာချီလိတ်ခရိုင်ဆေးရုံကြီးတွင် ကုသမှုခံယူနေသူများအနက် COVID-19 ရောဂါကူးစက်ခံပြီး သေဆုံးသူ တာချီလိတ်မြို့တွင် ဩဂုတ်လ ၈ရက်က တစ်နေ့တည်း ၅ဦးရှိကြောင်း သိရသည်။

ဝမ်ကောင်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၇၆နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ မယ်ခေါင်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၅၉နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ မကာဟိုခမ်းရပ်ကွက်တွင် နေထိုင်သည့် ၅၂နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၃၁နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် ဝမ်ကောင်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၇၂နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် COVID-19 ကြောင့် သေဆုံးသူအရေအတွက်မှာ ဩဂုတ်လ ၈ရက် ညပိုင်းအထိ ၂၃ဦး ရှိလာပြီဖြစ်သည်။

ထို့ပြင် ဩဂုတ်လ ၈ရက်က လာအိုနိုင်ငံမှ ပြန်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃၇ဦးနှင့် တာချီလိတ်မြို့ ဆေးရုံသစ်နှင့် ဆေးရုံဟောင်းတွင် စစ်ဆေးသူ ၂၁ဦးတို့တွင် COVID-19 ရောဂါကူးစက်ခံရကြောင်း တွေ့ရှိရသည်။

ဩဂုတ်လ ၈ရက်က အသစ်တိုးလာသည့် အတည်ပြုလူနာ ၅၈ဦးအပါအဝင် တာချီလိတ်မြို့တွင် COVID-19 အတည်ပြုလူနာ ၁၇၄၈ ဦး ရှိနေပြီဖြစ်သည်။

ဩဂုတ်လ ၈ရက်က ဆေးရုံဆင်းခွင့်ရသူ ၃၅ဦးရှိသည်။

Photo - တာချီလိတ်နာရေးကူညီမှုအသင်း
#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။