Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

မဲခေါင်၊ ဇူလိုင် ၁၄

တာချီလိတ်မြို့နယ်အတွင်းရှိ တာလေမြို့တွင် COVID-19 စစ်ဆေးခအဖြစ် တစ်ကြိမ်လျှင် ဘတ် ၈၀၀(မြန်မာငွေ ကျပ် ၄၀၀၀၀ခန့်) ပေးနေရကြောင်း မြို့နေပြည်သူများထံမှ စုံစမ်းသိရသည်။

တာလေမြို့နှင့်အနီးစပ်ဆုံးဖြစ်သည့် တာချီလိတ်မြို့တွင် COVID-19 စစ်ဆေးခကို ကျပ်တစ်သောင်း(ဘတ် ၂၀၀ခန့်) သာ ကောက်ခံသော်လည်း တာလေမြို့တွင် အကြောင်းမျိုးစုံပြကာ ဘတ် ၈၀၀ ကောက်ခံနေခြင်းဖြစ်ကြောင်း တာလေမြို့ခံတစ်ဦးက ပြောသည်။

“PPE ဝတ်စုံဖိုးတွေ၊ လက်အိတ်ဖိုးတွေပါ ပေါင်းထည့်တယ်ဆိုပြီး ဘတ် ၈၀၀ ကောက်တယ်။ ဆေးရုံအုပ်ကြီးကိုယ်တိုင် ကောက်ခိုင်းတယ်လို့ ပြောပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် တာချီလိတ်မြို့မှ တာလေမြို့သို့ ပြန်လာသူများကို ၇ရက် Quarantine ဝင်ခိုင်းပြီး ၃ရက်မြောက်နေ့တွင် တစ်ကြိမ်၊ ၇ရက်မြောက်နေ့တွင် တစ်ကြိမ် စစ်ဆေးမှု လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် လက်ရှိအချိန်တွင် စီးပွားရေးအလုပ်အကိုင်များ ကျဆင်းနေပြီး အဆင်မပြေကြသည့်အတွက် COVID-19 စစ်ဆေးခ ပိုမိုကောက်ခံသည့်အပေါ် ဝေဖန်မှုများ ရှိနေသည်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။